Powered By Blogger

Saturday, April 27, 2013

Notebook များတွင် ဘက်ထရီအားပြည့်နေလျှင် ပါဝါဖြုတ်ထားသင့်သလား ??


  1.  
    ယနေ့ခေတ်မှာ သယ်ဆောင်ရလွယ်ကူမှု၊ ထားသိုရန်နေရာလိုအပ်ချက်နည်းပါးမှူ၊ ဘက်ထရီနှင့် အသုံးပြုနိုင်မှူနှင့် desktop PC များနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ်အလွန်ကွာခြားမှူ မရှိခြင်းတို့ ကဲ့ သို့ သော အားသာချက်များကြောင့် Notebooks, Notebooks စသည်တို့ကို လူသုံးများလာကြပါတယ်၊ notebook တွေရဲ့ desktop PC ပေါ်ကို ကျော်လွန်သွားတဲ့ အဓိက အားသာချက်က တော့ ဘက်ထရီနှင့် နာရီအတန်ကြာအသုံးပြုနိုင်ခြင်းပါပဲ ။ ကျွန်တော်ဆိုရင် ဝန်ထမ်းတယောက်ပါ ။ ရှိစုမဲ့စု လစာလေးစုပြီး Notebook လေး တလုံးမဖြစ်ဖြစ်အောင် ဝယ်ထားရတာကြောင့်  ကြာကြာ အသုံးခံချင်ကြတာပါပဲ..ဒါကြောင့် ရှာဖွေဖတ်ရှူပြီး ဝေမျှတာပါ။  လက်တော့တွေမှာ များသော အားဖြင့် Litt-ion ဘက်ထရီတွေကို အသုံးပြုကြပါတယ်..အဲဒီဘက်ထရီရဲ့ performance ဟာ စတင်အသုံးပြုပြီး တနစ်လောက်က စပြီး တစစ နဲ့ ကျဆင်းလာကြပါတယ်၊ သုံးနစ်လောက် အသုံးပြုပြီးချိန်မှာတော့ ဘက်ထရီသက်တမ်းဟာ ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက်ပိုမခံတတ်တော့ ပါဘူး၊ ဒီလို သုံးနစ်လောက်ကြာမှ ဒီအခြေအနေရောက်သွားတာ က တော့ ဘာမှပြသာနာမရှိပါဘူး၊ ပစ္စည်းသခါင်္ရပေကိုး၊ သို့သော်လည်း အချိန်မတိုင်ခင် battery performance မြန်မြန်ကျဆင်းမှူမရှိအောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ အချက်က မေးခွန်းပေါ်လာပါတယ်၊ လူတော်တော်များများပြောကြသလို ဘက်ထရီကို အားပြည့်ရင် ပါဝါဖြုတ်သုံးသင့်တယ် ဒါမှမဟုတ် မီးပုံမှန်ရှီနေရင် ဘက်ထရီကို ဖြုတ်ထားသင့်တယ် .. ဒီအချက်တွေကရော တကယ်အထောက်အကူဖြစ်ရဲ့လား ..

    Notebook တွေမှာ ဘက်ထရီအားပြည့်ရင် ပါဝါကြိုးဆက်တပ်ထားခြင်းက အမှန်ကတော့ ဘာအန္တရာယ်မှ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တော့တွေမှာ ဘက်ထရီကို အားဖြည့်နေရာက ၁၀၀% အထိအားပြည့်ပြီ ဆိုရင် လက်တော့ကို ပါဝါ တိုက်ရိုက်အသုံးပြုနိုင်အောင် လွှဲပြောင်းပေးနိုင်တဲ့ Battery charging control circuit ပါပြီးဖြစ်လို့ပါ… ဘာပြသာနာမှမရှိပါဘူး။။
    ဒါဆို မီးပုံမှန်ဝင်နေလည်း ဘက်ထရီကို လက်တော့ကနေဖြုတ်ထားပြီးသုံးတာမျိုးတွေက အပိုအလုပ်တွေလားဆိုရင်ကော…
    မီးဝင်နေရက်နဲ့ ဘက်ထရီကို အမြဲတပ်သုံးနေရင်တော့ သူ့မှာလည်း ဆိုးကျိုးတွေရှိပါတယ် အဲဒါက
    -       Notebook ရဲပ hardware တွေက ထွက်တဲ့ အပူကို ဘက်ထရီပေါ်သက်ရောက်စေပြီး performance ကိုထိခိုက်စေနိုင်ပါတယ်။ ပုံမှန်အသုံးပြုနေချိန်မှာ တော့ လက်တော့တွေက အလွန်အမင်းမပူတတ်ပါဘူး ( CPU and hard disk around 40’C) ဒီလို အချိန်မှာတော့ ဘက်ထရီကိုတပ်ပြီးအသုံးပြုနိုင်ပါတယ်
    -       ဒါပေမဲ့ စက်ကို အလွန်ပူစေနိုင်တဲ့ အသုံးပြုခြင်းတွေရှီတဲ့ အခါ ဂိမ်းဆော့တာတွေ ပရိုဆက်ဆာနိမ့်တဲ့ စက်တွေမှာ အချိန်ကြာမြင့်စွာ video conferencing လုပ်တာတွေ မှာ စက်က ထွက်မလိုလားအပ်တဲ့ အပူတွေက ဘက်ထရိကို ထိခိုက်နိုင်တာကြောင့် ဘက်ထရီကို ဖြုတ်ထားပြီး သုံးသင့်ပါတယ်။

    Notebook ကို ရံဖန်ရံခါ ပါဝါမရှိပဲ ဘက်ထရီအားနဲ့ သုံးတတ်တဲ့ သူတွေမှာ ပြသာနာမရှိပေမဲ့ အိမ်မှာထားပြီး အမြဲတစေ ပါဝါတပ်ထားရင်တော့ အနည်းဆုံးသုံးလတစ်ကြိမ်လောက် battery recalibration လုပ်သင့်ပါတယ်။ recalibration ကို အောက်ပါအတိုင်းလုပ်နိုင်ပါတယ်။

    ၁။ Notebook့ကို အားအပြည့်သွင်းပါ၊ အားပြည့်သွားရင်လည်း နစ်နာရီခန့် ပလပ်တပ်ပြီးထားပါ။
    ၂။ ပါဝါပလပ်ကို ဖြုတ်ပြီး အားကုန်ခါနီး ( power option မှာ ၅% လောက်ကျန်တဲ့ အထိ) သုံးပါ။
    ၃။ မိမိNotebookကို ငါးနာရီခန့် ပါဝါပလပ်ဖြုတ်ပြီး လုံးဝအသုံးမပြုပဲထားပါ။
    ၄။ ထို့နောက် နှစ်နာရီနှင့် အထက် ပါဝါပလပ် တပ်ပြီး အားသွင်းပါ။
    ဒီလို calibration လုပ်ခြင်းဟာ ဘက်ထရီဆဲလ်တွေကို ကို ပြန်လည်ပြီး အင်အားပြည့်ဖြိုးစေတာကြောင့် ဘက်ထရီဆဲလ်သေခြင်း ဘက်ထရီ capacity လျော့ကျခြင်းတို့မှကာကွယ်နိင်ပါတယ်။

    ဒီတော့ ကျွန်တော်တို့ လက်တော့ ဘက်ထရီတွေကို ကြာရှည်အသုံးပြုနိုင်အောင် ပုံမှန်ထိန်းသိမ်းရမယ့် အချက်တွေကရော… ဒီလိုပါ

    !! သင့်ဘက်ထရီကို လုံးဝအားကုန်တဲ့ အထိ မသုံးပါနဲ့ !!
    ဘက်ထရီကို လုံးဝအားကုန်တဲ့ အထိမသုံးသင့်ပါဘူး၊ တခါတရံအရေးပေါ်အခြေနေတွေရှိလို့  သုံးဖြစ်သွားတာ ပြသာနာ မရှိပေမဲ့ အကြိမ်ရေများလာရင်တော့ ဘက်ထရီသက်တမ်းကို တိုစေနိုင်ပါတယ်။ ဒီလို အားကုန်တဲ့ အထိမသုံးဖြစ်ဖို့က လည်း ခက်ခက်ခဲခဲရှောင်ကျဉ်စရာမလိုပါဘူး။ ဝင်းဒိုးရဲ့  power option မှာ ဘက်ထရီ ၅% သို့မဟုတ် ၁၀% ပဲ ကျန်တော့ရင် သတိပေးစာပေါ်မယ် သို့မဟုတ် အလိုလိုပိတ်မယ် ဆိုတာမျိုးတွေ setting လုပ်ထားရင်ရပါတယ်။

    !! အပူတအားမတက်ပါစေနှင့် !!
    လွန်ကဲတဲ့ အပူက ဘက်ထရီရဲ့ ရန်သူပါ။ သူက ဘက်ထရီသက်တမ်းကို ကျဆင်းစေပါတယ်။ ဒါကြောင့် စက်သုံးနေတုန်းမှာ စက်ရဲ့ လေထွက်တဲ့ အပေါက်ငယ်လေးတွေကို ပိတ်မနေမိအောင် ဂရုပြုပါ။ ခေါင်းအုံပေါ်တို့ မွေ့ယာပေါ်တို့ တင်သုံးရင် အဲလို အပေါက်လေးတွေပိတ်သွားတတ်ပါတယ် (တင်သုံးမယ်ဆိုလည်း လေထွက်ပေါက်လေးတွေပွင့်နေအောင် တနည်းနည်းနဲ့ လုပ်သင့်ပါတယ်)

    !! အနားပေးပါ !!
    ရံဖန်ရံခါ စက်အသုံးမပြုတဲ့ အချိန်မျိုးမှာ ဘက်ထရီကို စက်ကနေဖြုတ်ပြီး အေးမြခြောက်သွေ့တဲ့ နေရာမျိုးမှာထားပါ (အဲယားကွန်းရှေ့ မှာထားခြင်းမျိုးမဟုတ်ပါ ရေငွေ့တွေကပ်ငြိနေနိုင်ပြီး အန္တရာယ်များပါတယ် ) ထို့နောက် အထက်မှာ ဖော်ပြခဲ့ တဲ့ recalibration လုပ်ပေးပါ။ ဘက်ထရိဖြုတ်လျှင် မိမိNotebook့ဟာ လုံးဝ shutdown အနေအထားဖြစ်ရပါမယ်။ standby mode sleep mode တွေမှာဖြစ်မနေအောင် သတိပြုပါ။
    ဒီလိုလေးထိန်းသိမ်းမယ်ဆိုရင်တော့ မိမိလက်တော့က ဘက်ထရီလေးဟာ သက်တမ်းစေ့အသုံးပြုနိုင်မှာဖြစ်ပါတယ် ။။။
    (မှတ်ချက်။ ။ ကျွန်တော်ဟာ ကွန်ပြူတာ hardware သမားမဟုတ်သလို battery expert လည်းမဟုတ်ပါဘူး။ ရှာဖွေဖတ်ရှုပြီး ပြန်လည်ဝေငှခြင်းသာဖြစ်ပါတယ် ။)

    ရည်ညွန်း