Powered By Blogger

Tuesday, August 23, 2011

electronic devices မြန်မာပြန်

၁.၃ အီလက်ထရွန်မျှဝေမှုဖြစ်ပေါ်နိုင်သောနေရာများ (Covalent bonds)
အက်တမ်များသည် အခဲများ၊ခရစ်စတယ်များ ဖြစ်ပေါ်လာစေရန် တခုနှင့်တခုထပ်တူကျသော ပုံစံများရှိကြသည်။ခရစ်စတယ် တည်ဆောက်မှုပုံစံ အတွင်းရှိကြသော အက်တမ်များ သည် Covalent bonds ဖြင့်အတူတည်ရှိကြသည်။ထိုCovelent bonds များသည် အပြင်ဘက်ဆုံးအီလက်ထရွန်များ အချင်းချင်းအားသက်ရောက်မှုမှဖန်တီးထားသည်။ဆီလီကွန်သည် ခရစ်စတယ်ဖြစ်သည်။
ယခုအခန်းခွဲအားလေ့လာပြီးနောက် ဆီလီကွန်အတွင်းcovelent bond ဖြစ်ပေါ်ခြင်း၊ covelent bond ၏အဓိပ္ပါယ်၊ covelent bond တွင် မည်သည့်အရာများပါဝင်သည်၊ဆီလီကွန်ခရစ်စတယ် မည်ကဲ့သို့ဖြစ်ပေါ်လာသည်တို့ကိုနားလည်သဘောပေါက်ရပေမည်။
Resigzed ImageClick this bar to view the full image.

ပုံ ၁.၈ ၀ဲ တွင်ဗဟိုရှိ ဆီလီကွန်အက်တမ်သည် ငှင်း၏ အီလက် ထရွန်များကို ပတ်ပတ်လည်တွင်ရှိသော အီလက်ထရွန် လေး လုံးနှင့်မျှဝေ၍ covelent bond ကို ဖြစ်ပေါ်စေသည်။ ပတ် လည်အီလက်ထရွန်လေးလုံး သည်လည်း အခြားကပ်လျက် အီလက်ထရွန်များနှင့် ထိုကဲ့သို့ ပြုမူကြသည်။ (ယာ) bond ဖြစ်ပေါ်ပုံ
ခရစ်စတယ်ဖြစ်ပေါ်စေရန် ပတ်လည်အီလက်ထရွန်လေးလုံး နှင့်မည်ကဲ့သို့တည်ရှိကြပုံကိုပြထားသည်။အပြင်ဘက်ဆုံး အီလက်ထရွန်လေးလုံး ပါသော ဆီလီကွန်အက်တမ်သည် ပတ်လည်အက်တမ်လေးလုံးနှင့် အီလက်ထရွန်မျှဝေနိုင်ကြသည်။ ထိုသို့ဖြင့် အက်တမ်တလုံးစီတွင် မျှဝေထားသော အပြင်ဘက်ဆုံးအီလက်ထရွန် ၈လုံးပါရှိပြီး ဓာတုဆိုင်ရာတည်ငြိမ်မှုကို ရရှိပေသည်။အပြင်ဘက် ဆုံးအီလက်ထရွန်များ မျှဝေခြင်းဖြင့် အက်တမ်များစုပေါင်းနေသော covalent bonds ရရှိသည်။ အပြင်ဘက်ဆုံးအီလက်ထရွန်တလုံး သည် ငှင်းနှင့်ကပ်လျက် အက်တမ်နှစ်လုံး၏ဆွဲငင်မှုကိုခံရသည်။သန့်စင်သော ဆီလီကွန်ခရစ်စတယ်အတွင်း covalent bond ဖြစ်ပေါ်
ခြင်းကိုပုံ ၁.၉ တွင်ပြထားသည်။

ပုံ ၁.၉ ဆီလီကွန်ခရစ်စတယ် အတွင်းရှိ covalent bond
သန့်စင်ခရစ်စတယ်တွင် အခြားမသန့်စင်သောဒြပ်များမပါဝင်ပေ။ ဂျာမေနီယမ်တွင်လည်း အပြင်ဘက်ဆုံး အီလက်ထရွန် လေးလုံး ရှိသောကြောင့်ဆီလီကွန်ကဲ့သို့ပင် covalent bond ဖြစ်ပေါ်သည်။


၁.၃ ပြန်လှန်လေ့ကျင့်ခန်း ၁။covelent bond မည်ကဲ့သို့ဖြစ်ပေါ်သနည်း။ ၂။သန့်စင်သောဆိုသည့် အသုံးအနှန်းမှာမည်ကဲ့သို့ အဓိပ္ပာယ်နည်း။ ၃။ခရစ်စတယ်ဆိုသည်မှာ အဘယ်နည်း။ ၄။ ဆီလီကွန်ခရစ်စတယ်အတွင်း အက်တမ်တလုံးစီတွင် အပြင်ဘက်ဆုံး အီလက်ထရွန် မည်မျှပါဝင်သနည်း။

electronic devices မြန်မာပြန်

၁.၂ တပိုင်းလျှပ်ကူး၊လျှပ်ကူး၊ နှင့် လျှပ်ကာ
(Semiconductors, Conductors, and Insulators)
လျှပ်စစ်ဆိုင်ရာ ဂုဏ်သတ္တိအရ အရာဝတ္ထုများကို အမျိုးအစားသုံးခုခွဲခြားနိုင်သည်_ လျှပ်ကူး၊တပိုင်းလျှပ်ကူး၊နှင့် လျှပ်ကာ တို့ဖြစ်သည်။ ယခုအခန်းခွဲတွင်တပိုင်းလျှပ်ကူးနှင့် လျှပ်ကူး ၊လျှပ်ကာတို့၏ဂုဏ်သတ္တိများကို ခွဲပြားစေရန် တင်ပြမည်ဖြစ်သည်။ ယခုအခန်းခွဲလေ့လာပြီးလျှင် တပိုင်းလျှပ်ကူး၊လျှပ်ကူးနှင့် လျှပ်ကာတို့ အကြောင်း နှင့် ငှင်းတို့ ၏ကွာခြားချက်များ၊ ဗဟိုအစုCore၊ ဆီလီကွန် Silicon ဂျာမေနီယမ် Germanium နှင့် ကြေးနီ Copper တို့၏အက်တမ်ဖွဲ့စည်းပုံ၊ အကောင်းဆုံးလျှပ်ကူးလေးမျိုး နှင့် အကောင်းဆုံးလျှပ်ကာလေးမျိုး၊ လျှပ်ကူးနှင့် တပိုင်းလျှပ်ကူးတို့၏ကွာခြားချက်များ၊ ဆီလီကွန်နှင့်ဂျာမေနီယမ်၏ ကွာခြားချက်များ အကြောင်းတို့ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။
အရာဝတ္ထုတိုင်းကို အက်တမ်များဖြင့်တည်ဆောက်ထားသည်။ထိုအက်တမ်များသည် လျှပ်စစ်ဓါတ်များဖြတ်သန်းစီးဆင်းရာ တွင်အကူအညီပေးကြသည်။ လျှပ်စစ်ဆိုင်ရာဂုဏ်သတ္တိများအကြောင်းကိုဆွေးနွေးရန် အက်တမ်ကို အပြင်ဘက်ဆုံးရှဲလ်နှင့် ဗဟိုအစုCore ဟု နှစ်မျိုးခွဲခြားမည်။ဗဟိုအစုတွင် နူကလီးယပ်စ်နှင့် အတွင်းပိုင်းရှဲလ်များအားလုံးပေါင်းစပ်ပါဝင်သည်။ထိုအယူအဆကို ပုံ ၁.၄ တွင်ကြည့်ပါ။ ကာဗွန်Carbon ကိုအချို့ လျှပ်ခံ resistor များတွင်အသုံးပြုကြသည်။ကာဗွန်အက်တမ်တွင် ဘက်ညီရှဲလ်တွင် အီလက်ထရွန် ၄ လုံး ပါဝင်ပြီး အတွင်းပိုင်းရှဲလ်တွင် ၂လုံးပါဝင်သည်။ နူကလီးယပ်စ်တွင် ပရိုတွန် ၆လုံးပါပြီး နူထရွန် ၆လုံးပါသည် ထို့ကြောင့် အပေါင်းလျှပ်စစ် ဓါတ်အား +6 ဟုဖော်ပြသည်။ ကိုးcore တွင် အသားတင်ဓါတ်အား +4 ရှိသည်။(နူကလီးယပ်စ်+6နှင့်အတွင်းရှဲလ်အီလက်ထရွန်တွင်-2)
ပုံ ၁.၄ ကာဗွန်အက်တမ်၏ပုံ
လျှပ်ကူးများ(Conductors) လျှပ်စီးကြောင်း current လွယ်ကူစွာဖြတ်သန်းသွားနိုင်သောပစ္စည်းကို လျှပ်ကူးပစ္စည်းဟုခေါ်သည်။ အ ကောင်းဆုံးလျှပ်ကူးပစ္စည်းမှာ နူကလီးယပ်စ်မှဆွဲငင်အားနည်းသော အပြင်ဘက်ဆုံးအီလက်ထရွန်တလုံးတည်းသာ ပါဝင်သော ကြေးနီ (copper)ငွေ(silver)ရွှေ(gold)အလူမီနီယမ်(aluminium)သတ္တုဒြပ်စင်များဖြစ်ကြသည်။ထို အီလက်ထရွန်တလုံးသည် ဆွဲငင်မှူနည်းပါး ခြင်းကြောင့်လွယ်ကူစွာ လွတ်ထွက်သွားပြီး လွတ်လပ်အီလက်ထရွန်လွယ်ကူစွာဖြစ်သွားနိုင်ကြသည်။ထိုကဲ့သို့ လျှပ်ကူးမှုကောင်းသော အရာဝတ္ထုများတွင် လွတ်လပ်အီလက်ထရွန်များစွာရှိပြီး ထိုအီလက်ထရွန်များသည်လမ်းကြောင်းတဖက်တည်းသို့ ဦးတည်ရွေ့လျားကြ သောအခါ လျှပ်စီးကြောင်းဖြစ်ပေါ်လာသည်။အီလက်ထရွန်စီးဆင်မှူသည် လျှပ်စီး current ပင်ဖြစ်သည်။
လျှပ်ကာ(Insulator) လျှပ်ကာများသည် သာမန်အခြေအနေတွင်လျှပ်စီး မစီးဆင်းနိုင်သော အရာများဖြစ်သည်။ ကောင်းမွန်သော လျှပ်ကာများသည်ဒြပ်ပေါင်းအဖြစ် မြင်တွေ့ရလေ့ရှိသည်။ထိုဒြပ်ပေါင်းများတွင် ဘက်ညီအီလက်ထရွန်များသည် အက်တမ်တွင်းတည်ငြိမ် စွာတည်ရှိနေသောကြောင် လွတ်လပ်အီလက်ထရွန်နည်းပါးကြသည်။
တပိုင်းလျှပ်ကူး(Semiconductor) တပိုင်းလျှပ်ကူး၏လျှပ်စီး စီးဆင်းနိုင်မှုစွမ်းရည်သည် လျှပ်ကူးနှင့် လျှပ်ကာတို့ ကြားတွင်ရှိသည်။ တပိုင်းလျှပ်ကူးအများစုသည် ငှင်း၏ဒြပ်စင်တမျိုးတည်းသန့်စင်စွာ တည်ရှိနေသောအချိန်တွင် လျှပ်ကူးသို့မဟုတ် လျှပ်ကာ ဖြစ်နိုင်သည်။ အသုံးအများဆုံး ဒြပ်စင်တပိုင်းလျှပ်ကူးများမှာ ဆီလီကွန်(silicon) ဂျာမေနီယမ်(germanium)နှင့် ကာဗွန်(carbon)တို့ဖြစ်ကြသည်။ ဒြပ်ပေါင်းတပိုင်းလျှပ်ကူးမှာ ဂါလီယမ်အာစင်နိုက်(gallium arsenide) ဖြစ်သည်။ဒြပ်စင်တပိုင်းလျှပ်ကူးများ တွင် အပြင်ဘက်ဆုံးအီလက်ထရွန် လေးလုံးပါဝင်ကြသည်။
စွမ်းအင်အစု(Energy Band) အက်တမ်၏အပြင်ဘက်ဆုံးရှဲလ်များကို စွမ်းအင်ပမာဏအစု အဖြစ်ပြန်လည်ဖော်ပြမည်။ ထိုရှဲလ်အတွင်းမှ ဘက်ညီအီလက်ထရွန်များလည်း ထိုအစုအတွင်းပါဝင်ကြသည်။ အီလက်ထရွန်တလုံးသည် လိုအပ်သောထပ်တိုးစွမ်းအင် ရရှိပြီး အပြင်ဘက်ဆုံးရှဲလ်မှ ထွက်ခွာသွားသောအခါ လွတ်လပ်အီလက်ထရွန်ဖြစ်လာသည်။ထိုနေရာတွင် လျှပ်စစ်စီးဆင်းမှုအစုconduction band ဟုခေါ်သည်။အပြင်ဘက်ဆုံးအစု valence bandနှင် လျှပ်စစ်စီးဆင်းမှူအစု conduction band အကြားတွင်ရှိသော ကွာဟသောစွမ်းအင်ကို စွမ်းအင်ကွာဟချက် energy gap ဟုခေါ်သည်။ထိုကွာဟချက်သည် အပြင်ဘက်ဆုံးအီလက်ထရွန်တလုံး အပြင်ဘက်ဆုံးအစုမှလျှပ်စစ်စီးဆင်းမှုအစု သို့ ထွက်ခွာရန်လိုအပ်သော စွမ်းအင်ပမာဏဖြစ်သည်။ ပုံ ၁.၅ တွင် လျှပ်ကူး၊လျှပ်ကာ နှင့် တပိုင်းလျှပ်ကူးများအတွက် စွမ်းအင်ပုံကြမ်း ကို ပြသထားသည်။(a) တွင် လျှပ်ကာinsulator သည်အလွန်ကျယ်သောကွာဟချက်ရှိသည်။ထို့ကြောင့် အလွန်မြင့်မားသော ဗို့အားပေး သောကြောင့် ပျက်စီးမှုအခြေအနေ breakdown condition မှလွဲ၍လျှပ်စစ်စီးဆင်းမှုအစုတွင်းသို့ ရောက်ရှိခြင်း(လျှပ်စီးစီးဆင်းခြင်း) အဖြစ်နိုင်ပေ။(b)တွင် တပိုင်းလျှပ်ကူး၌ ပိုမိုကျဉ်းမြောင်းသောကွာဟချက်ရှိသည်။ထိုကွာဟချက်သည် အချို့အပြင်ဘက်ဆုံးအီလက်ထရွန်များ ကိုဖြတ်သန်းစီးဆင်းခွင့်ြ့ပုသောကြောင့် လွတ်လပ်အီလက်ထရွန်များဖြစ်လာသည်။(c) တွင် စွမ်းအင်အစုနှစ်ခုသည် လျှပ်ကူးတွင်ထပ်နေ ကြသည်။ထို့ကြောင်လျှပ်ကူးဝတ္ထုများတွင် လွတ်လပ်အီလက်ထရွန်အရေအတွက်များစွာဖြစ်ပေါ်သည်။

ပုံ ၁.၅ စွမ်းအင်ဆိုင်ရာ နှိုင်းယှဉ်ချက်ပုံကြမ်း
တပိုင်းလျှပ်ကူးအက်တမ် ကိုလျှပ်ကူးအက်တမ်နှင့် နှိုင်းယှဉ်ခြင်း( Comparison of a Semiconductor Atom to a Conductor Atom) ဆီလီကွန် သည်တပိုငးလျှပ်ကူးဖြစ်၍ ကြေးနီသည် လျှပ်ကူးဖြစ်သည်။ဆီလီကွန်အက်တမ်၏ပုံနှင့် ကြေးနီအက်တမ်၏ပုံကို ပုံ ၁.၆ တွင်ပြ သထားသည်။ဆီလီကွန်အက်တမ်တွင် အသားတင်ဓါတ်အား +4(14ပရိုတွန် -10အီလက်ထရွန်)်ရှိပြီး ကြေးနီတွင် +1(29ပရိုတွန်-28 အီလက်ထရွန်)ရှိသည်။

ပုံ ၁.၆ ကြေးနီနှင့် ဆီလီကွန်အက်တမ်၏ပုံ
ကြေးနီ၏ အပြင်ဘက်ဆုံးအီလက်ထရွန်တွင် ကျရောက်သော ဆွဲငင်အား+1ကို ဆီလီကွန်၏အပြင်ဘက်ဆုံးအီလက်ထရွန်တွင်ကျရောက်နေသော ဆွဲငင်အား +4 နှင့်နှိုင်းယှဉ်သောအခါ လေးဆမျှကွာခြားသည်ကို မြင်တွေ့ရသည်။ထို့ကြောင့် ဆီလီကွန်အက်တမ် တွင် အပြင်ဘက်ဆုံးအီလက် ထရွန်ကို ဆွဲငင်ရန် အားလေဆမျှ ပိုများနေကြောင်းတွေ့ရသည်။ ကြေးနီ၏ စတုတ္ထမြောက်ရှဲလ်တွင်ရှိသော အပြင်ဘက်ဆုံးအီလက်ထရွန်သည် ဆီလီကွန်၏တတိယမြောက်ရှဲလ် တွင်ရှိနေသော အပြင်ဘက်ဆုံးအီလက်ထရွန်ထက် နူကလီးယပ်စ်မှပိုမိုဝေးကွာသည်။နူကလီးယပ်စ်နှင့်ပိုမိုဝေး ကွာသော အီလက်ထရွန်များ သည် စွမ်းအင်ပိုမိုရရှိသောသဘောရှိသည်။ ဆိုလိုသည်မှာ ကြေးနီ၏ အပြင်ဘက်ဆုံးအီလက်ထရွန်များသည် ဆီ လီကွန်၏ အပြင်ဘက်ဆုံးအီလက် ထရွန်များထက် အက်တမ်မှထွက်ခွာရန်လိုအပ်သော စွမ်းအင်ပိုမိုရရှိနေကြပြီး လျှပ်စစ်စီးဆင်းမှုအစုတွင် လွတ်လပ်အီလက်ထရွန် ဖြစ် လာကြသည်။ခြုံငုံကြည့်လျှင် ကြေးနီ၏များပြားသောအရေအတွက်ရှိသည့် အပြင်ဘက်ဆုံးအီလက်ထရွန်များသည် သာမန်အခန်းအပူချိန်မှာပင် လွတ်လပ်အီလက်ထရွန်ဖြစ်ရန်(လျှပ်စစ်စီးဆင်းရန်) လုံလောက်သောစွမ်းအင်ရရှိပြီးဖြစ်နေကြပေသည်။
ဆီလီကွန်နှင့် ဂျာမေနီယမ်(Silicon and Germanium) ဆီလီကွန်နှင့် ဂျာမေနီယမ် တို့၏အက်တမ်တည်ဆောက်ပုံများကို ပုံ ၁.၇ တွင် ဖော်ပြထားသည်။ ဆီလီကွန်ကို ဒိုင်အုတ်များ(diodes)၊ထရန်စ္စစတာများ(transistors)၊ အိုင်စီများ(integrated circuits)နှင့် အခြား တပိုင်းလျှပ်ကူးအီလက်ထရွန်နစ်ပစ္စည်းများတွင်အကျယ်ပြန့်ဆုံးအသုံးပြုသည်။ဆီလီကွန်နှင့်ဂျာမေနီယမ်တွင် အပြင်ဘက်ဆုံးအီလက်ထရွန်

ပုံ ၁.၇ ဆီလီကွန်နှင့် ဂျာမေနီယမ်၏ ပုံ
လေးလုံးစီရှိကြသည်။ ဂျာမေနီယမ်၏ အပြင်ဘက်ဆုံး အီလက်ထရွန်များသည် စတုတ္ထမြောက်ရှဲလ်တွင် ရှိနေကြပြီး ဆီလီကွန်၏ အပြင်ဘက်ဆုံးအီလက်ထရွန်များသည် တတိယ မြောက်ရှဲလ်တွင် ရှိနေကြသောကြောင့် ဆီလီကွန်၏အပြင်ဘက်ဆုံးအီလက်ထရွန်များသည် နူကလီးယပ်စ်နှင့် ပိုမိုနီးကပ်ကြသည်။ဆိုလိုသည်မှာ ဂျာမေနီယမ်၏ အပြင်ဘက်ဆုံးအီလက်ထရွန်များသည် ဆီလီကွန်၏အပြင်ဘက်ဆုံးအီလက်ထရွန်များထက် ပိုမိုမြင့် မားသော စွမ်းအင်ရှိကြသည်။ထို့ကြောင့် အက်တမ်မှ လွတ်ထွက်သွားရန် ထပ်တိုးစွမ်းအင်အနည်းငယ်သာလိုအပ်တော့သည်။ ထို ဂုဏ်သတ္တိသည် ဂျာမေနီယမ်ကို မြင့်မား သောအပူချိန်များတွင် မတည်ငြိမ်သော(လျှပ်စစ်စီးဆင်းမှုကိုအားပေးသော)အခြေအနေကိုဖြစ်ပေါ်စေသည်။ ထိုကြောင့် ဆီလီကွန် သည်ပိုမို စိတ်ချရသော အခြေအနေ တွင်ရှိသောကြောင့် အကျယ်ပြန့်ဆုံးအသုံးပြုကြသည်။


၁.၂ ပြန်လှန်လေ့ကျင့်ခန်းများ ၁။ လျှပ်ကူးနှင့်လျှပ်ကာ တို့၏ကွဲပြားချက်ကိုဖော်ပြပါ။ ၂။တပိုင်းလျှပ်ကူးသည် လျှပ်ကူးနှင့်လျှပ်ကာ တို့မှ မည်သို့ကွဲပြားသနည်း။ ၃။ကြေးနီကဲ့သို့လျှပ်ကူးများတွင် အပြင်ဘက်ဆုံးအီလက်ထရွန်မည်မျှပါရှိသနည်း။ ၄။တပိုင်းလျှပ်ကူးတွင်အပြင်ဘက်ဆုံးအီ လက်ထရွန် မည်မျှပါဝင်သနည်း။ ၅။လျှပ်စစ်စီးဆင်းမှုအကောင်းဆုံး ဒြပ်စင်သုံးမျိုးကိုဖော်ပြပါ။ ၆။အသုံးအများဆုံး တပိုင်းလျှပ်ကူးဒြပ်စင် ကိုဖော်ပြပါ။

Wednesday, August 17, 2011

electronic devices မြန်မာပြန်

၁.၁ တပိုင်းလျှပ်ကူးအကြောင်း(Semiconductors Basics)

နိဒါန်း


အခြေခံအီလက်ထရောနစ်ပစ္စည်းများ ဖြစ်ကြသော ဒိုင်အုတ်များ(diodes)၊ ထရန်စစ်စတာများ (transistors) နဲ့ အိုင်စီများ(intergrated circuit) များကို တပိုင်းလျှပ်ကူးပစ္စည်းများ နှင့်တည်ဆောက်ထားကြပါသည်။ထိုအခြေခံ အီလက်ထရောနစ် ပစ္စည်းများ မည်ကဲ့သို့တည်ဆောက်ထားသည် ကို လွယ်ကူရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်စေရန် အက်တမ်(atom) တည်ဆောက်ပုံများ နင့် အက်တမ်တွင်းရှိ အမှုန်များမည်ကဲ့သို့ အချင်းချင်း အားသက်ရောက်ကြသည်ကို အနည်းအကျဉ်းမျှ နားလည် ထားရန် လိုအပ်ပေသည်။ ယခုအခန်းတွင် အရေးတကြီးနားလည်ရန် လိုအပ်သော အယူအဆမှာ- pn junction ဆိုသည်မှာ မတူညီသော တပိုင်းလျှပ်ကူးပစ္စည်းနှစ်မျိုး ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည် ဟူသော အယူအဆပင်ဖြစ်သည်။ pn junction သည် ဒိုင်အုတ်နှင့် အခြားထရန်စစ်စတာ အမျိုးမျိုးတို့ကို မောင်းနှင်နိုင်ရန် မသိမဖြစ်သိအပ်သော အယူအဆဖြစ်သည်။

ရည်မှန်းချက်များ

အက်တမ်ဖွဲ့စည်းပုံများကိုဆွေးနွေးရန်

တပိုင်းလျှပ်ကူး semiconductor၊လျှပ်ကူး conductor၊ လျှပ်ကာ insulator များအကြောင်းနှင့် မည်သည့် ဂုဏ်သတ္တိများရှိသည်ကို ဆွေးနွေးရန်

တပိုင်းလျှပ်ကူးပစ္စည်းများမှ လျှပ်စီး current စီးဆင်းပုံကိုဖော်ပြရန်

n-type တပိုင်းလျှပ်ကူး နှင့် p- type တပိုင်းလျှပ်ကူး ပစ္စည်းများ၏ ဂုဏ်သတ္တိများကို ဖောပြရန်

ဒိုင်အုတ်နှင့် တပိုင်းလျှပ်ကူးများမည်ကဲ့သို့ ဖြစ်ပေါ်ပုံကို ဖော်ပြရန်

ဒိုင်အုတ်၏ ဗို့အားသက်ရောက်ခြင်းအကြောင်းဆွေးနွေးရန်

၁.၁ အက်တမ်ဖွဲ့စည်းပုံ( Atomic structure)

အရာဝတ္ထုအားလုံးကို အက်တမ်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။ အက်တမ်တွင် အီလက်ထရွန် (electron)၊ ပရိုတွန်(protons) နူထရွန်(neutron) တို့ပါဝင်သည်။ ယခုအခန်းခွဲတွင် အက်တမ်ဖွဲ့စည်းပုံအကြောင်း၊ အီလက်ထရွန်ပတ်လမ်းများအကြောင်း နှင့်ရှဲလ် များအကြောင်း။ ဘက်ညီအီလက်ထရွန် valance electronsများ၊အိုင်းရွန်းများ နှင့် ဆီလီကွန်silicon နှင့် ဂျာမေနီယမ်germanium အကြောင်းများကို လေ့လာကြရမည်။ တိကျသောအရေအတွက်ရှိသည့် အီလက်ထရွန်များ၏ဖွဲ့စည်းပုံစနစ် သည် အသုံးပြုမည့် တပိုင်း လျှပ်ကူးပစ္စည်းတွင် လျှပ်စီးပမာဏမည်မျှ စီးဆင်းမည်ကို ဖော်ပြရာတွင် အလွန် အရေးကြီးသည်။

ပုံ ၁.၁ အက်တမ်ဖွဲ့စည်းပုံ ( ဗဟိုရှိ နူကလီးယပ်စ်ကို ဘေးတွင် အီလက်ထရွန်များက သက်ဆိုင်ရာလမ်းကြောင်းများအတိုင်းလှည့်ပတ်နေကြ သည်။

အက်တမ်အမျိုးမျိုးတွင် ဖွဲ့စည်းပုံအမျိုးမျိုးရှိကြသည်။ထိုဖွဲ့စည်းပုံအရ ဒြပ်စင်များကို အမျိုးအစားခွဲခြားကြသည်။ဥပမာ- အရိုးရှင်းဆုံး အက်တမ်ဖြစ်သော ဟိုက်ဒရိုဂျင်( hydrogen) သည် ပရိုတွန်တလုံး အီလက်ထရွန် တလုံးဖြင့် ဖွဲ့စည်းထားသည်။ပုံ ၁.၂ က တွင်ကြည့်ပါ အခြားဥပမာအနေဖြင့် ဟီလီယမ် helium အက်တမ်ဖွဲ့စည်းပုံကို ပုံ ၁-၂ ခ တွင်ဖော်ပြထားသည်။ ငှင်းတွင် ပရိုတွန် ၂ လုံးနှင့် နူထရွန် နစ်လုံးတို့ ဖြင့် နူကလီးယပ်စ်ကို ဖွဲ့စည်းထားပြီး အီလက်ထရွန်နစ်လုံးက လှည့်ပတ်နေသည်။

ပုံ ၁.၂ က လက်ဝဲဘက်နှင့် ပုံ ၁.၂ ခ လက်ယာဘက်
အက်တမ်နံပါတ် - ဒြပ်စင်တိုင်းကို ဒြပ်စင်ဇယားတွင် ငှင်းတို့၏ အက်တမ်နံပါတ်အစဉ်လိုက် ထည့်သွင်းထားသည်။ အက်တမ်နံပါတ်ကို ပရိုတွန်အရေအတွက်နှင့် အီလက်ထရွန်အရေအတွက်ပေါ်မူတည် သတ်မှတ်သည်။ဥပမာ - ပရိုတွန်နှင့် အီလက်ထရွန်တလုံးစီ ပါဝင် သော ဟိုက်ဒရိုဂျင်အက်တမ်သည် အက်တမ်နံပါတ် ၁ ဖြစ်ပြီး ဟီလီယမ်သည်း အက်တမ်နံပါတ် ၂ ဖြစ်သည်။ အက်တမ်တိုင်းတွင် အပေါင်းလျှပ်စစ်ဓါတ်ဆောင် ပရိုတွန် အရေအတွက်နှင့် အနုတ်လျှပ်စစ်ဓါတ်ဆောင် အီလက်ထရွန် အရေအတွက်တို့ တူညီစွာ ပါဝင် ကြသည်။ သို့မှသာ ထို လျှပ်စစ်ဓါတ်နှစ်မျိုးတို့ ဓါတ်ပြယ်ပြီး လျှပ်စစ်ဓါတ်တည်ငြိမ်ခြေ (neutral state) ရရှိပေမည်။
အီလက်ထရွန် ရှဲလ်များ နှင် ပတ်လမ်းများ(Electron Shells and Orbits) အီလက်ထရွန်ပတ်လမ်းများသည် နူကလီးယပ်စ် ၏ အကွာဝေးတခုတွင် အဆင့်ဆင့်တည်ရှိကြသည်။ နူကလီးယပ်စ်နှင့် နီးကပ်သော ပတ်လမ်းတွင်လှည့်ပတ်နေကြသော အီလက်ထရွန်များသည် ဝေးကွာသောပတ်လမ်းတွင်လှည့်ပတ်နေကြသော အီလက်ထရွန်များ ထက် စွမ်းအင် energy ပိုမိုရရှိကြသည်။
အင်နာဂျီ ပမာဏ Energy level နူကလီးယပ်စ်မှ အကွာအဝေးတခုစီ တွင်ရှိသော ပတ်လမ်းတခုစီ သည် စွမ်းအင် ပမာဏ တခုစီ ရှိကြ ပေသည်။ အက်တမ်ထဲတွင် ပတ်လမ်းများကို စွမ်းအင် ရရှိမှုအခြေအနေပေါ်တွင် မူတည်ပြီး အုပ်စုများခွဲခြားထားသည်။ငှင်းကို ရှဲလ်ဟုခေါ်သည်။အက်တမ်တခုတွင် တိကျသောရှဲံလ်အရေအတွက်ရှိသည်။ ရှဲလ်တခုစီတွင် စွမ်းအင်ပမာဏ တခုစီအတွက် တိကျသော အများဆုံ အီလက်ထရွန် အရေအတွက်ပါရှိကြသည်။ ရှဲလ်တခုအတွင်း စွမ်းအင်ပမာဏကွာခြားချက်မှာ ရှဲလ်တခုနှင့်တခု စွမ်းအင် ပမာဏ ကွာခြားချက်ထက် များစွာနည်းပါးသည်။ရှဲလ်များကို 1,2,3,.. ဟုနံပါတ်တပ်လျက်ယူဆလျှင် 1 သည် နူကလီးယပ်စ်နှင့် အနီးဆုံး တွင်ရှိသည်။အချို့စာအုပ်များတွင် ရှဲလ်များကို K,L,M စသဖြင့်လည်းအမှတ်အသားပြုကြသည်။ ထိုစွမ်းအင်ပမာဏအလိုက်စုဖွဲ့ပုံကို ပုံ ၁.၃ တွင် ဖော်ပြထားသည်။ထိုပုံတွင် ပထမဆုံး(နူကလီးယပ်စ်နှင့် အနီးဆုံး) ရှဲလ်အတွက် စွမ်းအင်ပမာဏတမျိုးနှင့် ဒုတိယမြောက် ရှဲလ်၏ စွမ်းအင်ပမာဏကွာခြားပုံကိုမြင်တွေ့နိုင်သည်။ ဒြပ်စင်၏ အမျိုးအစားပေါ်မူတည်ပြီး ရှဲလ်အရေအတွက် ကွာခြား မှူရှိနိုင်ပေသည်။

ပုံ ၁.၃ နူကလီးယပ်စ်နှင့် ဝေးကွာသော အီလက်ထရွန်တွင် စွမ်းအင် ပိုမိုရရှိနိုင်သည်။
အပြင်ဘက်ဆုံးအီလက်ထရွန်(Valence Electrons) နူကလီးယပ်စ်နှင့် ဝေးကွာသော အီလက်ထရွန်များတွင် စွမ်းအင်ပမာဏပိုမိုရရှီ ကြ သော်လည်း နီးကပ်သောအီလက်ထရွန်များထက် နူကလီးယပ်စ်မှ ဆွဲငင်နိုင်မှူအား နည်းပါးကြသည်။ အဘယ့်ကြောင့်ဆိုသော် အပေါင်း လျှပ်စစ်ဓါတ်ဆောင် နူကလီးယပ်စ်နှင့် အနုတ်လျှပ်စစ်ဓါတ်ဆောင် အီလက်ထရွန် တို့သည် အကွာအဝေး ပိုမို ဝေးကွာ လေလေ တခု အပေါ်တခု အပြန်အလှန်သက်ရောက်နေသော ဆွဲငင်အား(force of attraction) နည်းပါးလေလေဖြစ်သည်။ စွမ်းအင်ပမာဏ အများဆုံး ရရှိသော အီလက်ထရွန်များသည် အပြင်ဘက်ဆုံး ပတ်လမ်းတွင် လှည့်ပတ်နေကြပြီး ငှင်းတို့ သည် ဆွဲငင်အားအနည်းဆုံးရရှိ ကြသည်။ အပြင်ဘက်ဆုံးရှဲလ်ကို အပြင်ဘက်ဆုံးရှဲလ်(valence shell) ဟုခေါ်ပြီး ထိုရှဲလ်အတွင်းရှိ အီလက်ထရွန်များကို အပြင်ဘက်ဆုံးအီလက်ထရွန်ဟုခေါ် သည်။ ထိုအီလက်ထရွန်များသည် ဓါတုဓါတ်ပြုမှုများ ကို ထောက်ပံ့ပေးပြီး အခြားအရာဝထ္တုများ၏ တည်ဆောက်ပုံ တွင်ပေါင်းစပ် ပါဝင် နိုင်သည်။ထို့ပြင် လျှပ်စစ်ဆိုင်ရာ ဂုဏ်သတ္တိများမှာ လည်း ငှင်းတို့ အပေါ်မူတည်ဆုံးဖြတ်ကြသည်။
အိုင်းရွန်းသို့ပြောင်းလဲခြင်း( Ionization) ဥပမာအားဖြင့် အက်တမ်များသည် အပူပင်ရင်း heat source (ဝါ)အလင်းပင်ရင်း မှ စွမ်းအင် စုပ်ယူကြသော အခါ အက်တမ်တွင်းရှိအီလက်ထရွန်များတွင် စွမ်းအင် တိုးလာသည်။အပြင်ဘက်ဆုံးအီလက်ထရွန်များသည် စွမ်းအင် ပမာဏ များများပိုင်ဆိုင်လေလေ အတွင်းပိုင်း အီလက်ထရွန်များထက် ဆွဲငင်ခံရမှုနည်းပါလေဖြစ်သည်။ထို့ကြောင့် ပြင်ပမှစွမ်းအင်စုပ်ယူလိုက် သောအခါ ငှင်းတို့ သည် ပိုမိုမြင့်မားသော၊အပြင်ဘက်ကျသော ပတ်လမ်းသို့ ခုန်ထွက်သွားနိုင်ကြသည်။
အပြင်ဘက်ဆုံးအီလက်ထရွန်တလုံးသည် လုံလောက်သောစွမ်းအင်ရရှိသောအခါ ငှင်းသည် အပြင်ဘက်ဆုံးရှဲလ်သို့ ဖြစ်စေ အက်တမ်လွှမ်းမိုးမှုလွတ်ကင်းရာတနေရာသို့ ဖြစ်စေ လွတ်ထွက်သွားနိုင်သည်။အီလက်ထရွန်ထွက်ခွာမှုတွင် မူလဓါတ်ပြယ် ဖြစ်နေ သော အီလက်ထရွန်သည် အပေါင်းလျှပ်စစ်ဓါတ်ပိုမိုလာသည်။ထိုကဲ့သို့ အပြင်ဘက်ဆုံးအီလက်ထရွန်ဆုံးရှုံးမှုဖြစ်စဉ်ကို အိုင်ရွန်းပြောင်းလဲခြင်း ionization ဟုခေါ်သည်။ဖြစ်ပေါ်လာသော အပေါင်းဓါတ်ဆောင် အက်တမ်ကို အပေါင်းဓါတ်ဆောင်အိုင်းရွန်းpositive ion ဟုခေါ် သည်။ ဥပမာအားဖြင့် ဟိုက်ဒရိုဂျင်၏ ဓါတုဆိုင်ရာ သတ်မှတ်ချက်မှာ H ဖြစ်သည်။ပုံမှန် ဓါတ်ပြယ် ဟိုက်ဒရိုဂျင်အက်တမ်တလုံးတွင် အပြင်ဘက်ဆုံး အီလက်ထရွန်ဆုံးရှုံးသွားသောအခါ ငှင်းသည် အပေါင်းဓါတ်ဆောင် အိုင်းရွန်းဖြစ်လာသည်။ငှင်းကို H+ဟုသတ်မှတ်သည်။လွတ် ထွက် သွားသော အပြင်ဘက်ဆုံးအီလက်ထရွန်ကို လွတ်လပ်အီလက်ထရွန် Free electronဟုခေါ်သည်။ ထိုလွတ်လပ်အီလက်ထရွန်သည် ရရှိထား သော စွမ်းအင် ကုန်ခန်းသွားသောအခါ ဓါတ်ပြယ်ဟိုက်ဒရိုဂျင် အက်တမ်၏အပြင်ဘက်ဆုံးရှဲလ်သို့ ကျရောက်သွားလျှင် ထိုအက်တမ် သည် အနုတ်ဓါတ်အားများပြားလာပြီး အနုတ်ဓါတ်ဆောင်သောအက်တမ်ဖြစ်လာသည်။ငှင်းကို အနုတ်ဓါတ်ဆောင် အိုင်းရွန်း negative ionဟုခေါ်ပြီး H- အဖြစ်သတ်မှတ်သည်။
ရှဲလ်တခုစီအတွင်းရှိ အီလက်ထရွန်အရေအတွက် (The Number of Electrons in Each Shell)
အက်တမ်အတွင်းရှီသော အများဆုံးအီလက်ထရွန်အရေအတွက် (Ne) ကို အောက်ပါဖော်မြူလာနှင့်တွက်ချက်နိုင်သည်၊
Ne = 2n2 n သည်ရှဲလ်အရေအတွက်ဖြစ်သည်။
အတွင်းဆုံးရှဲလ်သည် 1 ဖြစ်ပြီး၊ဒုတိယမြောက်အတွင်းဆုံးရှဲလ်သည် ၂ ဖြစ်သည်။အတွင်းဆုံးရှဲလ်တွင်တည်ရှိနိုင်သောအီလက်ထရွန် အရေအတွက်မှာ Ne = 2n2 = 2(1)2 = 2
ဒုတိယရှဲလ်တွင် တည်ရှိနိုင်သော အများဆုံးအီလက်ထရွန်အရေအတွက်မှာ Ne = 2n2 = 2(2)2 = 8
တတိယရှဲလ်တွင် တည်ရှိနိုင်သော အများဆုံးအီလက်ထရွန်အရေအတွက်မှာ Ne = 2n2 = 2(3)2 = 18
စတုထ္တရှဲလ်တွင် တည်ရှိနိုင်သော အများဆုံးအီလက်ထရွန်အရေအတွက်မှာ Ne = 2n2 = 2(4)2 = 32

အခန်းခွဲ ၁.၁ ပြန်လှန်လေ့ကျင့်ခန်း ၁။ အက်တမ်တခုကိုဖော်ပြပါ။ ၂။ အ်ီလက်ထရွန်ဆိုသည်မှာအဘယ်နည်း။ ၃။အပြင်ဘက်ဆုံးအီလက်ထရွန်ဆိုသည်မှာအဘယ်နည်း။ ၄။လွပ် လပ်အီလက်ထရွန်ဆိုသည်မှာ အဘယ်နည်း။ ၅။အိုင်းရွန်းမည်ကဲ့သို့ဖြစ်ပေါ်လာသနည်း။

အင်ဂျငိနီယာကျောင်းသားများအတွက် electronic devices မြန်မာပြန်

အီလက်ထရောနစ်သမားတယောက်ဟာ မြန်မာပြည်အနေနဲ့ သိစရာခေါင်းစဉ်တွေသိပ်များပါတယ်။မေဂျာခေါင်းစဉ် ကိုက electronics &communication ကို။ တကယ်တမ်းကျတော့ အီလက်ထရောနစ်ဆိုတာ နောက်လာမဲ့ ခေါင်းစဉ်ခွဲတွေအတွက် သိပ်ကို အရေးကြီးတဲ့Foundation ပါ။ ကကြီးခခွေးသိမှ စာဖတ်လို့ ရသလို electronics ကိုသိမှ နောက်တကယ်အသုံးချမယ့် communication and electronics control ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာအသုံးချဘာသာရပ်တွေဘယ်လိုပဲကွဲကွဲ အီလက်ထရောနစ်အခြေခံကို ကျွမ်းကျင်ရပါမယ်။ ဒီတော့ ကျွန်တော်က မြန်မာလိုရေးချင်တယ်။ ဘာလို့ မြန်မာလိုရေးချင်လဲ လို့မေးရင် မြန်မာပြည်က အင်ဂျင်နီယာကျောင်းသားတော်တော်များများဟာ အင်္ဂလိပ်စာကိုမွေးတည်းက ပြောလာတာမဟုတ်တော့ အင်္ဂလိပ်လို text တွေ reference တွေကို ဖတ်ရတာအားနည်းတယ်။  ဘာသာစကားအခက်အခဲကြောင့် ဒီစာအုပ်ကြီးတွေကို ကိုင်ရမှာမ၀ံ့မရဲဖြစ်တတ်ပါတယ်။ ဒီတော့ ဒီစာအုပ်တွေကို ဖတ်လေ့ဖတ်ထနည်းသွားတယ် ဆရာတွေပေးတဲ့ လက်ချာနဲ့ပဲပြီးသွားတတ်တယ်။ ဒီလက်ချာနဲ့က စာမေးပွဲအောင်ရုံတော့ ဖြစ်ပါတယ် ဒါပေမဲ့ဒီပညာရပ်ကို တကယ်နားလည်သဘောပေါက်ဖို့ ကတော့ မိမိဘာသာလေ့လာခြင်းလည်းလိုအပ်ပါတယ်။ဒီတော့ မိမိဘာသာဖတ်ဖို့ ဆိုရင် ဒီစာအုပ်တွေကိုင်ရတော့မယ် စာတွေဖတ်ရတော့မယ် မြန်မာလိုစာအုပ်မရှိပါဘူး။ဈေးကွက်မှာတွေ့ရတတ်တဲ့စာအုပ်တွေကလည်း ၀ါသနာရှင်အဆင့်လောက်နဲ့ စက်ပြင်ဆရာတွေအတွက်လောက်ပဲတွေ့ရပါတယ်။ အင်ဂျင်နီယာကျောင်းသားတယောက် အားကိုးအားထားပြုလောက်တဲ့ စာအုပ်မတွေ့ဖူးသေးပါ။ ဒါကြောင့် ကျွန်တော်က Thomas Floyd ရေးတဲ့  electronic devices ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ပါတယ်။ဒီစာအုပ်က ကျွန်တောကျောင်းတက်တုန်းက text ဖြစ်ပါတယ်။ ဒီစာအုပ်ကိုလည်းဒီမှာhttp://www.send6.com/e3c5afc5 upload တင်ပေးထားတယ် အဲဒီတော့ ဒီလိုမြန်မာလိုပြန်လိုက်တော့ အင်္ဂလိပ်လိုဖတ်တတ်တဲ့ အလေ့အကျင့် နည်းမသွားနိုင်ဘူးလားလို့ မေးစရာရှိတယ်။ ဟုတ်တယ် နည်းမှာပေါ့။ ဒါပေမဲ့ ဘာသာရပ်တခုကို စတင်လေ့လာသူတယောက်အတွက် ဒီဘာသာရပ်ကို ၀ါသနာပါသွားအောင် စိတ်ဝင်စားသွားအောင်လုပ်ဖို့က မိခင်ဘာသာစကားက အထိရောက်ဆုံးပဲ။ ဒီမိခင်ဘာသာစကားနဲ့ ဖတ်ရှုလေ့လာလို့ အခြေခံသဘောတရားတွေကိုနားလည်သွားပြီ စိတ်ဝင်စားသွားပြီဆိုရင် ကျွန်တော်ဘာသာပြန်တဲ့စာအုပ်ကို english ဘာသာနဲ့ပြန်ဖတ်ကြည့်ပေါ့ မြန်မြန်သဘောပေါက်မယ်။ technical စာအုပ်တွေက တအုပ်ကို ကျကျနနဖတ်ဖူးသွားရင်နောက်အုပ်တွေဖတ်ကြည့်ဖို့ မခက်တော့ဘူး။နောက် အသုံးချဘာသာရပ်တွေအတွက်လည်းလွယ်ကူသွားပြီ။ ဒီတော့ ဖတ်ကြည့်ပါ။လေ့လာပါ။ဝေဖန်ပါ။
http://gtuonlinefriends.ning.com
http://www.myanmar-technicians.org/community/index.php/topic,2604.0.html
http://www.myanmarengineer.org