အီလက်ထရောနစ်သမားတယောက်ဟာ မြန်မာပြည်အနေနဲ့ သိစရာခေါင်းစဉ်တွေသိပ်များပါတယ်။မေဂျာခေါင်းစဉ် ကိုက electronics &communication ကို။ တကယ်တမ်းကျတော့ အီလက်ထရောနစ်ဆိုတာ နောက်လာမဲ့ ခေါင်းစဉ်ခွဲတွေအတွက် သိပ်ကို အရေးကြီးတဲ့Foundation ပါ။ ကကြီးခခွေးသိမှ စာဖတ်လို့ ရသလို electronics ကိုသိမှ နောက်တကယ်အသုံးချမယ့် communication and electronics control ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာအသုံးချဘာသာရပ်တွေဘယ်လိုပဲကွဲကွဲ အီလက်ထရောနစ်အခြေခံကို ကျွမ်းကျင်ရပါမယ်။ ဒီတော့ ကျွန်တော်က မြန်မာလိုရေးချင်တယ်။ ဘာလို့ မြန်မာလိုရေးချင်လဲ လို့မေးရင် မြန်မာပြည်က အင်ဂျင်နီယာကျောင်းသားတော်တော်များများဟာ အင်္ဂလိပ်စာကိုမွေးတည်းက ပြောလာတာမဟုတ်တော့ အင်္ဂလိပ်လို text တွေ reference တွေကို ဖတ်ရတာအားနည်းတယ်။ ဘာသာစကားအခက်အခဲကြောင့် ဒီစာအုပ်ကြီးတွေကို ကိုင်ရမှာမ၀ံ့မရဲဖြစ်တတ်ပါတယ်။ ဒီတော့ ဒီစာအုပ်တွေကို ဖတ်လေ့ဖတ်ထနည်းသွားတယ် ဆရာတွေပေးတဲ့ လက်ချာနဲ့ပဲပြီးသွားတတ်တယ်။ ဒီလက်ချာနဲ့က စာမေးပွဲအောင်ရုံတော့ ဖြစ်ပါတယ် ဒါပေမဲ့ဒီပညာရပ်ကို တကယ်နားလည်သဘောပေါက်ဖို့ ကတော့ မိမိဘာသာလေ့လာခြင်းလည်းလိုအပ်ပါတယ်။ဒီတော့ မိမိဘာသာဖတ်ဖို့ ဆိုရင် ဒီစာအုပ်တွေကိုင်ရတော့မယ် စာတွေဖတ်ရတော့မယ် မြန်မာလိုစာအုပ်မရှိပါဘူး။ဈေးကွက်မှာတွေ့ရတတ်တဲ့စာအုပ်တွေကလည်း ၀ါသနာရှင်အဆင့်လောက်နဲ့ စက်ပြင်ဆရာတွေအတွက်လောက်ပဲတွေ့ရပါတယ်။ အင်ဂျင်နီယာကျောင်းသားတယောက် အားကိုးအားထားပြုလောက်တဲ့ စာအုပ်မတွေ့ဖူးသေးပါ။ ဒါကြောင့် ကျွန်တော်က Thomas Floyd ရေးတဲ့ electronic devices ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ပါတယ်။ဒီစာအုပ်က ကျွန်တောကျောင်းတက်တုန်းက text ဖြစ်ပါတယ်။ ဒီစာအုပ်ကိုလည်းဒီမှာhttp://www.send6.com/e3c5afc5 upload တင်ပေးထားတယ် အဲဒီတော့ ဒီလိုမြန်မာလိုပြန်လိုက်တော့ အင်္ဂလိပ်လိုဖတ်တတ်တဲ့ အလေ့အကျင့် နည်းမသွားနိုင်ဘူးလားလို့ မေးစရာရှိတယ်။ ဟုတ်တယ် နည်းမှာပေါ့။ ဒါပေမဲ့ ဘာသာရပ်တခုကို စတင်လေ့လာသူတယောက်အတွက် ဒီဘာသာရပ်ကို ၀ါသနာပါသွားအောင် စိတ်ဝင်စားသွားအောင်လုပ်ဖို့က မိခင်ဘာသာစကားက အထိရောက်ဆုံးပဲ။ ဒီမိခင်ဘာသာစကားနဲ့ ဖတ်ရှုလေ့လာလို့ အခြေခံသဘောတရားတွေကိုနားလည်သွားပြီ စိတ်ဝင်စားသွားပြီဆိုရင် ကျွန်တော်ဘာသာပြန်တဲ့စာအုပ်ကို english ဘာသာနဲ့ပြန်ဖတ်ကြည့်ပေါ့ မြန်မြန်သဘောပေါက်မယ်။ technical စာအုပ်တွေက တအုပ်ကို ကျကျနနဖတ်ဖူးသွားရင်နောက်အုပ်တွေဖတ်ကြည့်ဖို့ မခက်တော့ဘူး။နောက် အသုံးချဘာသာရပ်တွေအတွက်လည်းလွယ်ကူသွားပြီ။ ဒီတော့ ဖတ်ကြည့်ပါ။လေ့လာပါ။ဝေဖန်ပါ။
http://gtuonlinefriends.ning.com
http://www.myanmar-technicians.org/community/index.php/topic,2604.0.html
http://www.myanmarengineer.org

No comments:
Post a Comment