Powered By Blogger

Wednesday, September 7, 2011

electronic devices မြန်မာပြန်

၁.၄ တပိုင်းလျှပ်ကူးတွင် လျှပ်ကူးခြင်း(Conduction in Semiconductors)
အီလက်ထရွန်နစ်ပစ္စည်းများ မည်ကဲ့သို့အလုပ်လုပ်ကြသည်ကို နားလည်သဘောပေါက်ရန် အရာဝတ္ထုများတွင် မည်သည့်နည်းဖြင့် လျှပ်စစ် စီးသည်ကိုနားလည်ရမည်။ လျှပ်စီး၏အားသက်ရောက်မှူ အခြေခံသဘောကို နားမလည်လျှင်diodesများ transistor များ အလုပ်လုပ်ပုံကို နားမလည်နိုင်ပေ။ ယခုအခန်းခွဲကိုလေ့လာပြီးသောအခါ တပိုင်းလျှပ်ကူးအတွင်း မည်ကဲ့သို့ လျှစ်စီးထုတ်လုပ်ပုံ၊ အီလက်ထရွန်များစီးဆင်းပုံ၊ hole အကြောင်း၊ electron-hole အတွဲအကြောင်း၊ ပြန်လည်ပေါင်းစည်းခြင်း၊ electron current နှင့် hole current ကွာခြားပုံ တို့ကို နားလည်သဘောပေါက်ရပေမည်။
ယခင်သိခဲ့ပြီးသည့်အတိုင်း အက်တမ်၏ အီလက်ထရွန်များသည် ဖော်ပြခဲ့ပြီးသော အစုများအတွင်းတည်ရှိသည်။ နျူကxxxယပ်စ် ပတ်လည်ရှိ ရှဲလ်တခုစီသည် စွမ်းအင်အစုတခုနှင့် စပ်ဆက်နေပြီး အီလက်ထရွန်မရှိသော energy gaps များနှင့်ခွဲခြားထားသည်။ပုံ ၁.၁၀ သန့်စင်သောဆီလီကွန် ခရစ်စတယ် အတွင်းရှိ ပြင်ပအားသက်ရောက်ခြင်းမရှိသေးသော(အပူစွမ်းအင်ကဲ့သို့) အက်တမ်အတွက် စွမ်းအင်အစုပုံကိုဖော်ပြထားသည်။ ငှင်းသည် အပူချိန် 0 Kelvin တွင်သာဖြစ်ပေါ်သည်။
ပုံ  ၁.၁၀ သန့်စင်ဆီလီကွန် ခရစ်စတယ်အတွက် စွမ်းအင်အစုပြပုံ
 Electrons နှင့့် holes များလျှပ်ကူးခြင်း (Conduction Electrons and Holes) 
ပုံ ၁.၁၁ (က)
အခန်းအပူချိန်တွင် သန့်စင်သော ဆီလီကွန် ခရစ်စတယ် တွင် လွတ်လပ်အီလက်ထရွန်ဖြစ်ရန် valence band မှ conduction band သို့ကူးပြောင်းချင်သော အပြင်ဘက်ဆုံး အီလက်ထရွန် အချို့အတွက် လုံလောက်သော အပူစွမ်းအင်ရှိသည်။ လွတ်လပ်အီလက်ထရွန်များကို လျှပ်ကူးအီလက်ထရွန်များ (conduction electrons) ဟုလည်းခေါ်သည်။ငှင်းကို ပုံ ၁.၁၁(က) တွင်ပြထားပြီး ငှင်းတို့ bonding ဖြစ်နေပုံကို ပုံ ၁.၁၁(ခ)တွင်ပြထားသည်။

ပုံ ၁.၁၁ (ခ)
အီလက်ထရွန်တလုံးသည် conduction band သို့ ကူးပြောင်းသွားသောအခါ ခရစ်စတယ်တယ် အတွင်းရှိ valence band တွင် နေရာလွတ်ကျန်ခဲ့သည်။ထိုနေရာလွတ်ကို hole ဟုခေါ်သည။်ပြင်ပအားဖြင့် conduction band သို့ရောက်ရှိလာသော အီလက်ထရွန်တိုင်းအတွက် valence band တွင် hole ကျန်ခဲ့သည်။ထိုသို့ဖန်တီးထားခြင်းကို hole-electron pair ဟုခေါ်သည်။ conduction band တွင်းရှိအီလက်ထရွန်တလုံးသည် စွမ်းအင်ဆုံးရှုံးပြီး valence band တွင်းရှိ hole သို့ ပြန်လည်ရောက်ရှိလာခြင်းကို ပြန်လည်ပေါင်းစည်းခြင်း(Recombination) ဟုခေါ်သည်။
အကျဉ်းချုပ်ကြည့်လျှင် အခန်းအပူချိန်တွင် သန့်စင်ဆီလီကွန်၏အစိတ်အပိုင်းတွင် conduction bandသို့ ရောက်သွားသော မည်သည့် အက်တမ်ကမျှ ဆွဲငင်နိုင်ခြင်းမရှိသော လွတ်လပ်အီလက်ထရွန်အချို့ရှိပြီး ထိုအီလက်ထရွန်များသည် အရာဝတ္ထုများတလျောက်ဖြတ် သန်းသွားကြသည်။(လျှပ်စီးအဖြစ်စီးဆင်းကြသည်) အီလက်ထရွန်များ condution band သို့ ကူးပြောင်းသွားသောအခါ ထိုအရေအတွက် အတိုင်း valence band အတွင်း hole များကျန်ခဲ့သည်။ ပုံ ၁.၂ တွင်ပြထားသည်။
ပုံ ၁.၁၂ ဆီလီကွန် ခရစ်စတယ်အတွင်းရှိ electron-hole pairs များ၊
အီလက်ထရွန်လျှပ်စီး နှင့် ဟိုးလျှပ်စီး (Electron Current and Hole Current)
သန့်စင်အီလက်ထရွန် အစိတ်အပိုင်းတခု ကို voltage ပေးသောအခါ ပုံ ၁ ၁၃ တွင် ပြထားသည့်အတိုင်း  လွတ်လပ်စွာ ရွေလျားနိုင် သော crystal တည်ဆောက်ပုံ ရှိသည့် conduction band တွင် အပူကြောင့် ထုတ်လွတ်သော လွတ်လပ်အီလက်ထရွန်များ ကိုအပေါင်း ဘက် အစွန်းကို လွယ်ကူစွာဆွဲငင်နိုင်ကြသည်။ ထိုရွေလျားမှုသည် တပိုင်းလျှပ်ကူးပစ္စည်းများတွင် လျှပ်စီးအမျိုးအစားတမျိုး ဖြစ်သည်။ ငှင်းကို electron current ဟုခေါ်သည်။                                                                                                                   အခြား လျှပ်စီးပုံစံတမျိုးမှာ valence band ဖြစ်သည်။ ထို band တွင် လွတ်လပ်အီလက်ထရွန်ကြောင့် ဖြစ်ပေါ်လာသော holes များ ရှိသည်။ valence band တွင် ကျန်ရှိနေသော အီလက်ထရွန်အချို့သည် ငှင်းတို့၏အက်တမ်များနှင့် ဆွဲငင်နေဆဲဖြစ်ပြီး လွပ်လပ်အီလက် ထရွန်များကဲ့သို့ crystal ပုံစံအတွင် လွတ်လပ်စွာရွေ့လျား နိုင်ခြင်းမရှိသေးပေ။ သို့သော်လည်း အပြင်ဘက်ဆုံး အီလက်ထရွန်တလုံး သည် ငှင်းတွင်ရှိသော စွမ်းအင်အဆင့် အရ နီးကပ်သော hole အလွတ်များသို့ ရွေ့လျားနိုင်သည်။ ထို့ကြောင့် အီလက်ထရွန်သည် ငှင်းတည်ရှိခဲ့သော hole ကိုစွန့်ခွာသည်။ ဤသို့ဖြင့် crystal ပုံစံအတွင်း holes များတနေရာမှ တနေရာသို့ ရွေ့လျားကြသည်။ ငှင်းကို hole current ဟုခေါ်သည်။ပုံ ၁.၁၄ တွင်ပြထားသည်။
ပုံ ၁.၁၃ electron current သန့်စင် ဆီလီကွန်အတွင်း စီးဆင်းပုံ
ပုံ ၁.၁၄ hole current သန့်စင် ဆီလီကွန်အတွင်း စီးဆင်းပုံ

၁.၄ ပြန်လှန်လေ့ကျင့်ခန်း
 ၁။ valence band သို့မဟုတ် conduction band တွင် လွတ်လပ်အီလက်ထရွန်များ စီးဆင်းကြပါသလား။ 
၂။ မည်သည့် အီလက်ထရွန်များသည် ဒြပ်စင်များအတွင်း လျှပ်စီး အဖြစ် တုံ့ပြန်နိုင်စွမ်းရှိသနည်း။
၃။ hole   ဆိုသည်မှာ အဘယ်နည်း။
၎။ မည်သည့် စွမ်းအင် ပမာဏတွင် hole current ဖြစ်ပေါ်နိုင်သနည်း။

No comments:

Post a Comment