- ယနေ့ခေတ်မှာ သယ်ဆောင်ရလွယ်ကူမှု၊ ထားသိုရန်နေရာလိုအပ်ချက်နည်းပါးမှူ၊ ဘက်ထရီနှင့် အသုံးပြုနိုင်မှူနှင့် desktop PC များနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ်အလွန်ကွာခြားမှူ မရှိခြင်းတို့ ကဲ့ သို့ သော အားသာချက်များကြောင့် Notebooks, Notebooks စသည်တို့ကို လူသုံးများလာကြပါတယ်၊ notebook တွေရဲ့ desktop PC ပေါ်ကို ကျော်လွန်သွားတဲ့ အဓိက အားသာချက်က တော့ ဘက်ထရီနှင့် နာရီအတန်ကြာအသုံးပြုနိုင်ခြင်းပါပဲ ။ ကျွန်တော်ဆိုရင် ဝန်ထမ်းတယောက်ပါ ။ ရှိစုမဲ့စု လစာလေးစုပြီး Notebook လေး တလုံးမဖြစ်ဖြစ်အောင် ဝယ်ထားရတာကြောင့် ကြာကြာ အသုံးခံချင်ကြတာပါပဲ..ဒါကြောင့် ရှာဖွေဖတ်ရှူပြီး ဝေမျှတာပါ။ လက်တော့တွေမှာ များသော အားဖြင့် Litt-ion ဘက်ထရီတွေကို အသုံးပြုကြပါတယ်..အဲဒီဘက်ထရီရဲ့ performance ဟာ စတင်အသုံးပြုပြီး တနစ်လောက်က စပြီး တစစ နဲ့ ကျဆင်းလာကြပါတယ်၊ သုံးနစ်လောက် အသုံးပြုပြီးချိန်မှာတော့ ဘက်ထရီသက်တမ်းဟာ ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက်ပိုမခံတတ်တော့ ပါဘူး၊ ဒီလို သုံးနစ်လောက်ကြာမှ ဒီအခြေအနေရောက်သွားတာ က တော့ ဘာမှပြသာနာမရှိပါဘူး၊ ပစ္စည်းသခါင်္ရပေကိုး၊ သို့သော်လည်း အချိန်မတိုင်ခင် battery performance မြန်မြန်ကျဆင်းမှူမရှိအောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ အချက်က မေးခွန်းပေါ်လာပါတယ်၊ လူတော်တော်များများပြောကြသလို ဘက်ထရီကို အားပြည့်ရင် ပါဝါဖြုတ်သုံးသင့်တယ် ဒါမှမဟုတ် မီးပုံမှန်ရှီနေရင် ဘက်ထရီကို ဖြုတ်ထားသင့်တယ် .. ဒီအချက်တွေကရော တကယ်အထောက်အကူဖြစ်ရဲ့လား ..Notebook တွေမှာ ဘက်ထရီအားပြည့်ရင် ပါဝါကြိုးဆက်တပ်ထားခြင်းက အမှန်ကတော့ ဘာအန္တရာယ်မှ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တော့တွေမှာ ဘက်ထရီကို အားဖြည့်နေရာက ၁၀၀% အထိအားပြည့်ပြီ ဆိုရင် လက်တော့ကို ပါဝါ တိုက်ရိုက်အသုံးပြုနိုင်အောင် လွှဲပြောင်းပေးနိုင်တဲ့ Battery charging control circuit ပါပြီးဖြစ်လို့ပါ… ဘာပြသာနာမှမရှိပါဘူး။။ဒါဆို မီးပုံမှန်ဝင်နေလည်း ဘက်ထရီကို လက်တော့ကနေဖြုတ်ထားပြီးသုံးတာမျိုးတွေက အပိုအလုပ်တွေလားဆိုရင်ကော…မီးဝင်နေရက်နဲ့ ဘက်ထရီကို အမြဲတပ်သုံးနေရင်တော့ သူ့မှာလည်း ဆိုးကျိုးတွေရှိပါတယ် အဲဒါက- Notebook ရဲပ hardware တွေက ထွက်တဲ့ အပူကို ဘက်ထရီပေါ်သက်ရောက်စေပြီး performance ကိုထိခိုက်စေနိုင်ပါတယ်။ ပုံမှန်အသုံးပြုနေချိန်မှာ တော့ လက်တော့တွေက အလွန်အမင်းမပူတတ်ပါဘူး ( CPU and hard disk around 40’C) ဒီလို အချိန်မှာတော့ ဘက်ထရီကိုတပ်ပြီးအသုံးပြုနိုင်ပါတယ်- ဒါပေမဲ့ စက်ကို အလွန်ပူစေနိုင်တဲ့ အသုံးပြုခြင်းတွေရှီတဲ့ အခါ ဂိမ်းဆော့တာတွေ ပရိုဆက်ဆာနိမ့်တဲ့ စက်တွေမှာ အချိန်ကြာမြင့်စွာ video conferencing လုပ်တာတွေ မှာ စက်က ထွက်မလိုလားအပ်တဲ့ အပူတွေက ဘက်ထရိကို ထိခိုက်နိုင်တာကြောင့် ဘက်ထရီကို ဖြုတ်ထားပြီး သုံးသင့်ပါတယ်။Notebook ကို ရံဖန်ရံခါ ပါဝါမရှိပဲ ဘက်ထရီအားနဲ့ သုံးတတ်တဲ့ သူတွေမှာ ပြသာနာမရှိပေမဲ့ အိမ်မှာထားပြီး အမြဲတစေ ပါဝါတပ်ထားရင်တော့ အနည်းဆုံးသုံးလတစ်ကြိမ်လောက် battery recalibration လုပ်သင့်ပါတယ်။ recalibration ကို အောက်ပါအတိုင်းလုပ်နိုင်ပါတယ်။၁။ Notebook့ကို အားအပြည့်သွင်းပါ၊ အားပြည့်သွားရင်လည်း နစ်နာရီခန့် ပလပ်တပ်ပြီးထားပါ။၂။ ပါဝါပလပ်ကို ဖြုတ်ပြီး အားကုန်ခါနီး ( power option မှာ ၅% လောက်ကျန်တဲ့ အထိ) သုံးပါ။၃။ မိမိNotebookကို ငါးနာရီခန့် ပါဝါပလပ်ဖြုတ်ပြီး လုံးဝအသုံးမပြုပဲထားပါ။၎။ ထို့နောက် နှစ်နာရီနှင့် အထက် ပါဝါပလပ် တပ်ပြီး အားသွင်းပါ။ဒီလို calibration လုပ်ခြင်းဟာ ဘက်ထရီဆဲလ်တွေကို ကို ပြန်လည်ပြီး အင်အားပြည့်ဖြိုးစေတာကြောင့် ဘက်ထရီဆဲလ်သေခြင်း ဘက်ထရီ capacity လျော့ကျခြင်းတို့မှကာကွယ်နိင်ပါတယ်။ဒီတော့ ကျွန်တော်တို့ လက်တော့ ဘက်ထရီတွေကို ကြာရှည်အသုံးပြုနိုင်အောင် ပုံမှန်ထိန်းသိမ်းရမယ့် အချက်တွေကရော… ဒီလိုပါ!! သင့်ဘက်ထရီကို လုံးဝအားကုန်တဲ့ အထိ မသုံးပါနဲ့ !!ဘက်ထရီကို လုံးဝအားကုန်တဲ့ အထိမသုံးသင့်ပါဘူး၊ တခါတရံအရေးပေါ်အခြေနေတွေရှိလို့ သုံးဖြစ်သွားတာ ပြသာနာ မရှိပေမဲ့ အကြိမ်ရေများလာရင်တော့ ဘက်ထရီသက်တမ်းကို တိုစေနိုင်ပါတယ်။ ဒီလို အားကုန်တဲ့ အထိမသုံးဖြစ်ဖို့က လည်း ခက်ခက်ခဲခဲရှောင်ကျဉ်စရာမလိုပါဘူး။ ဝင်းဒိုးရဲ့ power option မှာ ဘက်ထရီ ၅% သို့မဟုတ် ၁၀% ပဲ ကျန်တော့ရင် သတိပေးစာပေါ်မယ် သို့မဟုတ် အလိုလိုပိတ်မယ် ဆိုတာမျိုးတွေ setting လုပ်ထားရင်ရပါတယ်။!! အပူတအားမတက်ပါစေနှင့် !!လွန်ကဲတဲ့ အပူက ဘက်ထရီရဲ့ ရန်သူပါ။ သူက ဘက်ထရီသက်တမ်းကို ကျဆင်းစေပါတယ်။ ဒါကြောင့် စက်သုံးနေတုန်းမှာ စက်ရဲ့ လေထွက်တဲ့ အပေါက်ငယ်လေးတွေကို ပိတ်မနေမိအောင် ဂရုပြုပါ။ ခေါင်းအုံပေါ်တို့ မွေ့ယာပေါ်တို့ တင်သုံးရင် အဲလို အပေါက်လေးတွေပိတ်သွားတတ်ပါတယ် (တင်သုံးမယ်ဆိုလည်း လေထွက်ပေါက်လေးတွေပွင့်နေအောင် တနည်းနည်းနဲ့ လုပ်သင့်ပါတယ်)!! အနားပေးပါ !!ရံဖန်ရံခါ စက်အသုံးမပြုတဲ့ အချိန်မျိုးမှာ ဘက်ထရီကို စက်ကနေဖြုတ်ပြီး အေးမြခြောက်သွေ့တဲ့ နေရာမျိုးမှာထားပါ (အဲယားကွန်းရှေ့ မှာထားခြင်းမျိုးမဟုတ်ပါ ရေငွေ့တွေကပ်ငြိနေနိုင်ပြီး အန္တရာယ်များပါတယ် ) ထို့နောက် အထက်မှာ ဖော်ပြခဲ့ တဲ့ recalibration လုပ်ပေးပါ။ ဘက်ထရိဖြုတ်လျှင် မိမိNotebook့ဟာ လုံးဝ shutdown အနေအထားဖြစ်ရပါမယ်။ standby mode sleep mode တွေမှာဖြစ်မနေအောင် သတိပြုပါ။ဒီလိုလေးထိန်းသိမ်းမယ်ဆိုရင်တော့ မိမိလက်တော့က ဘက်ထရီလေးဟာ သက်တမ်းစေ့အသုံးပြုနိုင်မှာဖြစ်ပါတယ် ။။။(မှတ်ချက်။ ။ ကျွန်တော်ဟာ ကွန်ပြူတာ hardware သမားမဟုတ်သလို battery expert လည်းမဟုတ်ပါဘူး။ ရှာဖွေဖတ်ရှုပြီး ပြန်လည်ဝေငှခြင်းသာဖြစ်ပါတယ် ။)ရည်ညွန်း
Saturday, April 27, 2013
Notebook များတွင် ဘက်ထရီအားပြည့်နေလျှင် ပါဝါဖြုတ်ထားသင့်သလား ??
Saturday, March 31, 2012
အရက်အကြောင်းသိကောင်းစရာ
ဂျင်(Gin) - အရောင်မဲ့တဲ့ ယမကာဖြစ်ပြီး စတင်ချက်လုပ်စဉ်ကတော့ ဥရောပမြောက်ပိုင်းမှာ ပေါက်တဲ့ ဂျုံကြမ်းမျိုးမှ ချက်လုပ်ပါသည်။ နောက်ပိုင်းမှာ အစေ့ဆန်ငယ်တဲ့ စပါးမျိုးတွေကလည်း ချက်လုပ်ကြပါသည်။ ဂျူနီပါ ဘယ်ရီမျိုး ဒါမှမဟုတ် မွေးကြိုင်တဲ့ စမုံစပါးစေ့၊ ကရဝေးစေ့၊ သို့မဟုတ် စမြိတ် ပင်ပျော့ တို့ကို အနံ့ပျောက်ရန်အတွက် အသုံးပြုပါသည်။ ဂျင်ကို အယ်လ်ကိုဟော ရေတို့နဲ့ ထပ်မံပေါင်းစပ်ထားသည်။ ဂျင်ဟာ နှစ်ရှည်လို့ ပိုမိုကောင်းမွန်ခြင်းမရှိသည့်အပြင် သစ်သားစည်များနှင့်လည်း သိမ်းဆည်းခြင်းမရှိကြပေ။
ဗောဒ်ကာ(Vodka)- အရောင်မဲ့ ယမကာဖြစ်သည်။ ဗောဒ်ကာ ကို ၁၄ ရာစုလောက်ကတည်းက စတင်ချက်လုပ်ခဲ့ကြပါသည်။ စတင်ချက်လုပ်စဉ်က ဂျုံစေ့ကို ရေစိမ် ကစော်ဖောက်ပြီး ချက်လုပ်ကြသည်။ ယခုအခါတွင်မူ ပြောင်းဖူး၊ အာလူးတို့မှလည်း အလားတူနည်းလမ်းများဖြင့်ချက်လုပ်ကြသည်။တခါတရံ သကြားမှလည်း ချက်လုပ်ကြသည်။ ရုရှားရိုးရာ ယမကာ အဖြစ်နာမည်ကျော်ကြားသည်။ အရှေ့ဥရောပနိုင်ငံများနှင့် ဘော်လ်တစ်ပင်လယ် ၀န်းကျင်နိုင်ငံများတွင်လည်း ရိုးရာချက်လုပ်ကြသည်။ ဗောဒ်ကာတွင် အယ်လ်ကိုဟော ၃၇.၅% မှ ၄၀% နှူန်းအထိပါဝင်လေ့ရှိသည်။ ဗောဒ်ကာ ကို ကောက်တေးနှင့် အရော ယမကာများဖြစ်သည့် Bloody Mary, screwdriver, Sex on the Beach, White Russian, Black Russian, Vodka tonic, vodka martini တို့ကို ရောနှောရာတွင် အသုံးပြုသည်။
ဝီစကီ (Whisky) - ဝီစကီကို စပါး၊ပြောင်း၊ဂျုံ နှင့်ဘာလီ စသော ကောက်ပဲ သီးနှံအမျိုးမျိုးမှ ချက်လုပ်ကြသည်။ စကော့ဝီစကီ ( Scotch wishky) ကို စကောတလန်မှ စတင်ချက်လုပ်ခဲ့သည်။ Scotch ဟု သည် စကားလုံးကြားသည်နှင့်ပင် ပင် အရည်အသွေးကောင်းမွန်သော ဝီစကီ ယှဉ်တွဲမြင်လာသည် အထိ နာမည်ကျော်ကြားသည်။ ဝီစကီ စတင်ပြုလုပ်သည့် နေရာကို အတိအကျမသိရသော်လည်း ၁၄၀၅ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံတွင် စတင်ထုတ်လုပ်သည်ဟု မှတ်တမ်းဝင်ခဲ့သည်။ ဝီစကီ၏ အရည်အသွေးသည် ငှင်းကို သိမ်းဆည်းထားသော သစ်သားစည် သက်တမ်းရှည်ကြာလေလေ ပိုမိုကောင်းမွန်လေလေဖြစ်သည်။ သစ်သားစည်များကို ဝက်သစ်ချပင်များမှ ပြုလုပ်ကြသည်။

Wednesday, September 7, 2011
electronic devices မြန်မာပြန်
၁-၆ ဒိုင်အုတ်(The Diode)
သင်သည် silicon အပိုင်းတခုကိုယူလိုက်ပါ။ ထိုအပိုင်း၏တခြမ်းကို trivalent အရော အနှော ထည့်သွင်း၍ ကျန်တပိုင်းကို pentavalent အရောအနှောထည့်သွင်းပါ။p-type နှင့် n-typeတို့ အကြား ကြားစပ်တနေရာဖြစ်လာမည်။ ထိုနေရာကို pn junction ဟု ခေါ်သည်။ ဤနည်းဖြင့် အခြေခံ diode ကိုဖန်တီးသည်။ diode သည် current ကို လားရာတဖက်သို့သာ ဖြတ်စီးခွင့်ပြုသော ပစ္စည်းဖြစ် သည်။ pn junction အသွင်အပြင် တခုဖြစ်ပြီး diode များ၊ transistor များ နှင့် အခြားပစ္စည်းများကို ပုံမှန်အလုပ်လုပ်စေနိုင်သည်။
ယခုအခန်းခွဲလေ့လာပြီးလျှင် diode အကြောင်းနှင့် ငှင်းတွင် pn junction မည်သို့ ဖြစ်ပေါ်လာပုံ၊ pn junction ကိုဖြတ်၍ ဖြာထွက်ပုံ၊ depletion region ဖြစ်ပေါ်ပုံ၊ barrier potential အကြောင်းနှင့် ငှင်း၏အရေးပါပုံ၊ ဆီလီကွန်နှင့် ဂျာမေနီယမ် တို့၏ barrier potential တန်ဖိုး တို့ကို နားလည်သဘောပေါက်လိမ့်မည်။
p-type တပိုင်းလျှပ်ကူးတွင် Trivalent အရောအနှော boron အက်တမ်တလုံးသည် ဆီလီကွန် အက်တမ်သို့ ပေါင်းထည့်လိုက်သောအခါ hole တခုထွက်လာသည်။ သို့သော်လည်း proton နှင့် electron အရေအတွက်တူညီနေသောကြောင့် ဓါတ်အားပြယ်အခြေအနေသို့ ရောက်နေသည်။ n-type တပိုင်းလျှပ်ကူးတွင် pentavalent အရောအနှော antimony အက်တမ်တလုံးသည် ဆီလီကွန်အက်တမ်တွင်းသို့ ပေါင်းထည့်လိုက်သောအခါ electron တလုံးထွက်လာသည်။ ငှင်းသည်လည်း ဓါတ်အားပြယ် အခြေအနေသို့ ရောက်နေသည်။
သန့်စင်ဆီလီကွန် အစိတ်အပိုင်းတခု၏တပိုင်းကို n-type အဖြစ်အရောအနှောထည့်သွင်းပြီး အခြားတပိုင်းကို p-type ဖြင့် အရောအနှော ထည့်သွင်းလျှင် ထိုအပိုင်းနစ်ခုကြားတွင် pn junction ဖြစ်လာသည်။ ပုံ ၁-၁၇ တွင်ပြထားသည်အတိုင်း ထိုကဲ့သို့ diode ဖြစ်ပေါ်သည်။ p-type အပိုင်းတွင် အရောအနှော အက်တမ်မှ ထွက်ပေါ်လာသော hole( majority carrier) များ အများဆုံးရှိပြီး အပူထုတ်လွတ်မှု ကြောင့်ထွက်လာသော လွတ်လပ်အီလက်ထရွန် (minority carrier) အနည်းငယ်ရှိသည်။ n-type အပိုင်းတွင် အရောအနှော အက်တမ်မှ ထွက်ပေါ်လာသော electron( majority carrier) များ အများဆုံးရှိပြီး အပူထုတ်လွတ်မှု ကြောင့်ထွက်လာသော hole (minority carrier) အနည်းငယ်ရှိသည်။
ပုံ ၁-၁၇ အခြေခံ diode တလုံး၏တည်ဆောက်ပုံ
Depletion region ဖြစ်ပေါ်ပုံ (Formation of the depletion region) n-type အပိုင်းတွင် electron များသည် အရပ်မျက်နှာမျိုးစုံ သို့ အစီစဉ်တကျမဟုတ်ပဲ ရွေ့လျားနေကြသည်။ pn junction ဖြစ်ပေါ်သောအချိန်ခဏတွင် junction အနီးမှ electron များသည် junction ကိုဖြတ်၍ p-type အပိုင်းတွင်းရှိ junction အနီးရှိ hole များနှင့် ပေါင်းစပ်သွားကြသည်။ ပုံ ၁- ၁၈(က) တွင်ကြည့်ပါ။
ပုံ ၁-၁၈ (က) လက်ဝဲ - junction စတင်ဖြစ်ပေါ်ချိန် (ခ) barrier potential ဖြစ်ပေါ်ပြီးနောက်
Pn junction တခုဖြစ်ပေါ်လာသောအခါ free electron အချို့သည် junction ကိုဖြတ်၍ထွက်သွားသောကြောင့် n-type အပိုင်းတွင် electrons ဆုံးရှုံးသည်။ ဤသို့ဖြင့် junction အနီးတွင် အပေါင်းဓါတ်ဆောင်အလွှာ(pentavalent ions)ကိုဖြစ်ပေါ်စေသည်။ ထို့အတူ p-type အပိုင်းတွင်လည်း n-type အပိုင်းမှဝင်ရောက်လာသော electron များသည် hole များနှင့်် ပေါင်းစပ်သောကြောင့် hole များဆုံးရှုံး ပြီး အနုတ်ဓါတ်ဆောင်အလွှာ (trivalent ions)ကိုဖြစ်ပေါ်စေသည်။ ထိုအလွှာ နစ်ခုသည် ပုံ ၁-၁၈(ခ) တွင်ပြထားသည့် အတိုင်း depletion region ကိုဖြစ်ပေါ်စေသည်။ depletion ဟူသော အသုံးအနှန်းသည် pnjunction အနီးရှိ charge carrier(electrons and holes) များ junction ကိုဖြတ်၍ထွက်ခွာခြင်းကို ကိုယ်စားပြုခေါ်ဝေါ်သည်။ မှတ်သားရန်မှာ depletion region မှာ အလွန်လွယ်ကူစွာ ဖြစ်ပေါ်ပြီး n-type region p-type region များနှင့်နှိုင်းယှဉ်လျှင် အလွန်ပါးလွှာသည်။
Free electron များ pn junction ကိုဖြတ်ထွက်သော အစပိုင်းအခြေအနေအပြီးတွင် depletion region သည် ပြန့်ကားလာ ပြီးထိုနေရာတွင် မျှခြေရှိသော အခြေအနေတခုကို ဖန်တီး၍ ထိုနေရာကို electron ဖြတ်ပြီးမထွက်စေရန်တားဆီးသည်။ Electron များသည် junction ကိုဖြတ်ထွက်သောကြောင့် junction အနီးတွင် အပေါင်းနှင့် အနုတ် ဓါတ်အားများဖြစ်ပေါ်လာပြီး depletion region ဖြစ်ပေါ်လာသည်။ depletion region ထဲတွင် အနုတ်ဓါတ်အားများပြည့်ဝသွားသောအခါ အနုတ်ဓါတ်ဆောင် electrons များကို ဆက်လက်ဝင်ခွင့် မပြုတော့ပဲ တွန်းကန်ပြီး electron များလွတ်ထွက်ခြင်းဖြစ်စဉ် ရပ်တန့်သွားသည်။ တနည်းအားဖြင့် depletion region သည် electron များဆက်လက်လွတ်ထွက်ခြင်း မဖြစ်စေရန် တားဆီးထားသော အဟန့်အတား(barrier) ဖြစ်သွားသည်။
PN junction နှင့် depletion region တို့၏ စွမ်းအင်ပြပုံ (Energy Diagrams of the PN junction and Depletion Region) n-type အပိုင်းတွင်းရှိ valence နှင့် conduction bands များသည် p-type အပိုင်းတွင်းရှိ valence နှင့် conduction bands များ၏ စွမ်းအင်ပမာ ဏထက်အနည်းငယ် နည်းသည်။ ငှင်းသည် pentavalent နှင့် trivalent အရောအနှော အက်တမ်များ၏ အက်တမ်ဆိုင်ရာ လက္ခဏာ များ၏ ကွာခြားချက်ကြောင့်ဖြစ်သည်။ pn junction ဖြစ်ပေါ်ချိန်တွင် ဖြစ်ပေါ်သော စွမ်းအင်ပြပုံကို ပုံ ၁-၁၉ (က)တွင်ဖော်ပြထားသည်။ ပုံတွင်တွေ့ရသည့် အတိုင်း n-type အပိုင်း၏ valence နှင့် conduction band များသည် p-type ထက်အနည်းငယ်နိမ့်သည်ကို တွေ့နိုင် သည်။သို့သော် သိသာစွာ ထပ်နေကျသည်။
ပုံ၁-၁၉ စွမ်းအင်ပမာဏပြပုံ (က) ဝဲဘက်- junction ဖြစ်ပေါ်ချိန် (ခ)ယာဘက်- မျှခြေ အခြေအနေ
n-type အပိုင်းတွင် free electron များသည် conduction band ၏အပေါ်ပိုင်းကို ပိုင်ဆိုင်ပြီး junction ကိုလွယ်ကူစွာဖြတ်သွားနိုင် သည်။(ငှင်းတို့သည် ထပ်တိုးစွမ်းအင် ရရှိမှုမရှိပေ) ထို့နောက် p-type အပိုင်း conduction band ၏အောက်ဘက် အပိုင်းတွင် ယာယီ အားဖြင့် free electron များဖြစ်လာသည်။ electron များသည် junction ကိုဖြတ်ပြီးသော အခါ ပုံ ၁-၁၉(က) တွင်ပြထားသည့်အတိုင်း ငှင်းတို့၏စွမ်းအင် လျင်မြန်စွာဆုံးရှုံးပြီး p-type အပိုင်း valence band ၏ hole များအတွင်းသို့ ကျဆင်းသွားသည်။
ဤကဲ့သို့ လွတ်ထွက်နေခြင်းများ ဆက်လက်ဖြစ်ပေါ်နေပြီးနောက် depletion region စတင်ဖြစ်ပေါ်လာပြီး n-type conduction band ၏စွမ်းအင် ပမာဏကျဆင်းလာသည်။ ထိုသို့ကျဆင်းလာမှုသည် junction မှဖြတ်၍ p-type အပိုင်းသို့ ထွက်သွား သော စွမ်းအင်မြှင့် electron များကြောင့်ဖြစ်သည်။ ဤသို့ ဖြင့် n-type အပိုင်းတွင် junction ကိုဖြတ်ပြီး p-type အပိုင်းသို့ ထွက်ခွာရန် လိုအပ်သော စွမ်းအင်ရှိသည့် electron များကုန်ခန်းသွားသည်။ ထို့ပြင် ပုံ ၁-၁၉(ခ)တွင်ပြထားသည့်အတိုင်း n-type conduction band ထိပ်ပိုင်းနှင့် p-type conduction band အောက်ပိုင်းတို့ ဖြောင့်တန်းမှုလည်း မရှိတော့ပေ။ ထိုနေရာတွင် junction သည် မျှခြေ အခြေ အနေတခုသို့ ရောက်သွားသည်။ electron လွတ်ထွက်မှူလည်း ရပ်တန့်သွားပြီး depletion region မှာလည်း ပြည့်ဝသော အခြေအနေ တခုသို့ ရောက်သွားသည်။ ထိုနေရာတွင် n-type အပိုင်းမှ electron များသည် junction ကိုဖြတ်ထွက်ရန် ပိုမိုခက်ခဲစေသော အရာမှာ ယခင်ဖြောင့်တန်းလုနီးပါးရှိသော အပိုင်းနှစ်ခုသည် ယခုအခါ စွမ်းအင်တောင်ကုန်း ကဲ့သို့ electron များကျော်ဖြတ်ရန်ခက်ခဲစေသည်။
n-type conduction band အပိုင်း စွမ်းအင်ပမာဏအောက်သို့ ကျဆင်းသွားသကဲ့သို့ valence band အပိုင်း စွမ်းအင်ပမာဏ လည်းကျဆင်းသွားသည်။ valence band တွင်းရှိ electron များသည်လည်း free electron ဖြစ်ရန် လိုအပ်သောပမာဏမှာ condution band တွင်းရှိ electon များနှင့် တန်းတူဖြစ်သည်။ တနည်းအားဖြင့် valence band နှင့် conduction band အကြား စွမ်းအင် ပမာဏကွာဟချက်မှာ တူညီနေဆဲပင်ဖြစ်သည်။
၁.၆ ပြန်လှန်လေ့ကျင့်ခန်း
၁။ pn junction ဆိုသည်မှာ အဘယ်နည်း။
၂။လွတ်ထွက်ခြင်း အကြောင်းရှင်းပြပါ။
၃။ depletion region အကြောင်းရှင်းပြပါ။
၎။ barrier potential အကြောင်းရှင်းပြပါ။မည်ကဲ့သို့ ဖန်တီးသနည်း။
၅။ ဆီလီကွန် diode အတွက် ပုံမှန် barrier potential တန်ဖိုး ကိုဖော်ပြပါ။
၆။ဂျာမေနီယမ် diode အတွက် ပုံမှန် barrier potential တန်ဖိုး ကိုဖော်ပြပါ။
သင်သည် silicon အပိုင်းတခုကိုယူလိုက်ပါ။ ထိုအပိုင်း၏တခြမ်းကို trivalent အရော အနှော ထည့်သွင်း၍ ကျန်တပိုင်းကို pentavalent အရောအနှောထည့်သွင်းပါ။p-type နှင့် n-typeတို့ အကြား ကြားစပ်တနေရာဖြစ်လာမည်။ ထိုနေရာကို pn junction ဟု ခေါ်သည်။ ဤနည်းဖြင့် အခြေခံ diode ကိုဖန်တီးသည်။ diode သည် current ကို လားရာတဖက်သို့သာ ဖြတ်စီးခွင့်ပြုသော ပစ္စည်းဖြစ် သည်။ pn junction အသွင်အပြင် တခုဖြစ်ပြီး diode များ၊ transistor များ နှင့် အခြားပစ္စည်းများကို ပုံမှန်အလုပ်လုပ်စေနိုင်သည်။
ယခုအခန်းခွဲလေ့လာပြီးလျှင် diode အကြောင်းနှင့် ငှင်းတွင် pn junction မည်သို့ ဖြစ်ပေါ်လာပုံ၊ pn junction ကိုဖြတ်၍ ဖြာထွက်ပုံ၊ depletion region ဖြစ်ပေါ်ပုံ၊ barrier potential အကြောင်းနှင့် ငှင်း၏အရေးပါပုံ၊ ဆီလီကွန်နှင့် ဂျာမေနီယမ် တို့၏ barrier potential တန်ဖိုး တို့ကို နားလည်သဘောပေါက်လိမ့်မည်။
p-type တပိုင်းလျှပ်ကူးတွင် Trivalent အရောအနှော boron အက်တမ်တလုံးသည် ဆီလီကွန် အက်တမ်သို့ ပေါင်းထည့်လိုက်သောအခါ hole တခုထွက်လာသည်။ သို့သော်လည်း proton နှင့် electron အရေအတွက်တူညီနေသောကြောင့် ဓါတ်အားပြယ်အခြေအနေသို့ ရောက်နေသည်။ n-type တပိုင်းလျှပ်ကူးတွင် pentavalent အရောအနှော antimony အက်တမ်တလုံးသည် ဆီလီကွန်အက်တမ်တွင်းသို့ ပေါင်းထည့်လိုက်သောအခါ electron တလုံးထွက်လာသည်။ ငှင်းသည်လည်း ဓါတ်အားပြယ် အခြေအနေသို့ ရောက်နေသည်။
သန့်စင်ဆီလီကွန် အစိတ်အပိုင်းတခု၏တပိုင်းကို n-type အဖြစ်အရောအနှောထည့်သွင်းပြီး အခြားတပိုင်းကို p-type ဖြင့် အရောအနှော ထည့်သွင်းလျှင် ထိုအပိုင်းနစ်ခုကြားတွင် pn junction ဖြစ်လာသည်။ ပုံ ၁-၁၇ တွင်ပြထားသည်အတိုင်း ထိုကဲ့သို့ diode ဖြစ်ပေါ်သည်။ p-type အပိုင်းတွင် အရောအနှော အက်တမ်မှ ထွက်ပေါ်လာသော hole( majority carrier) များ အများဆုံးရှိပြီး အပူထုတ်လွတ်မှု ကြောင့်ထွက်လာသော လွတ်လပ်အီလက်ထရွန် (minority carrier) အနည်းငယ်ရှိသည်။ n-type အပိုင်းတွင် အရောအနှော အက်တမ်မှ ထွက်ပေါ်လာသော electron( majority carrier) များ အများဆုံးရှိပြီး အပူထုတ်လွတ်မှု ကြောင့်ထွက်လာသော hole (minority carrier) အနည်းငယ်ရှိသည်။
ပုံ ၁-၁၇ အခြေခံ diode တလုံး၏တည်ဆောက်ပုံ
Depletion region ဖြစ်ပေါ်ပုံ (Formation of the depletion region) n-type အပိုင်းတွင် electron များသည် အရပ်မျက်နှာမျိုးစုံ သို့ အစီစဉ်တကျမဟုတ်ပဲ ရွေ့လျားနေကြသည်။ pn junction ဖြစ်ပေါ်သောအချိန်ခဏတွင် junction အနီးမှ electron များသည် junction ကိုဖြတ်၍ p-type အပိုင်းတွင်းရှိ junction အနီးရှိ hole များနှင့် ပေါင်းစပ်သွားကြသည်။ ပုံ ၁- ၁၈(က) တွင်ကြည့်ပါ။
ပုံ ၁-၁၈ (က) လက်ဝဲ - junction စတင်ဖြစ်ပေါ်ချိန် (ခ) barrier potential ဖြစ်ပေါ်ပြီးနောက်
Pn junction တခုဖြစ်ပေါ်လာသောအခါ free electron အချို့သည် junction ကိုဖြတ်၍ထွက်သွားသောကြောင့် n-type အပိုင်းတွင် electrons ဆုံးရှုံးသည်။ ဤသို့ဖြင့် junction အနီးတွင် အပေါင်းဓါတ်ဆောင်အလွှာ(pentavalent ions)ကိုဖြစ်ပေါ်စေသည်။ ထို့အတူ p-type အပိုင်းတွင်လည်း n-type အပိုင်းမှဝင်ရောက်လာသော electron များသည် hole များနှင့်် ပေါင်းစပ်သောကြောင့် hole များဆုံးရှုံး ပြီး အနုတ်ဓါတ်ဆောင်အလွှာ (trivalent ions)ကိုဖြစ်ပေါ်စေသည်။ ထိုအလွှာ နစ်ခုသည် ပုံ ၁-၁၈(ခ) တွင်ပြထားသည့် အတိုင်း depletion region ကိုဖြစ်ပေါ်စေသည်။ depletion ဟူသော အသုံးအနှန်းသည် pnjunction အနီးရှိ charge carrier(electrons and holes) များ junction ကိုဖြတ်၍ထွက်ခွာခြင်းကို ကိုယ်စားပြုခေါ်ဝေါ်သည်။ မှတ်သားရန်မှာ depletion region မှာ အလွန်လွယ်ကူစွာ ဖြစ်ပေါ်ပြီး n-type region p-type region များနှင့်နှိုင်းယှဉ်လျှင် အလွန်ပါးလွှာသည်။
Free electron များ pn junction ကိုဖြတ်ထွက်သော အစပိုင်းအခြေအနေအပြီးတွင် depletion region သည် ပြန့်ကားလာ ပြီးထိုနေရာတွင် မျှခြေရှိသော အခြေအနေတခုကို ဖန်တီး၍ ထိုနေရာကို electron ဖြတ်ပြီးမထွက်စေရန်တားဆီးသည်။ Electron များသည် junction ကိုဖြတ်ထွက်သောကြောင့် junction အနီးတွင် အပေါင်းနှင့် အနုတ် ဓါတ်အားများဖြစ်ပေါ်လာပြီး depletion region ဖြစ်ပေါ်လာသည်။ depletion region ထဲတွင် အနုတ်ဓါတ်အားများပြည့်ဝသွားသောအခါ အနုတ်ဓါတ်ဆောင် electrons များကို ဆက်လက်ဝင်ခွင့် မပြုတော့ပဲ တွန်းကန်ပြီး electron များလွတ်ထွက်ခြင်းဖြစ်စဉ် ရပ်တန့်သွားသည်။ တနည်းအားဖြင့် depletion region သည် electron များဆက်လက်လွတ်ထွက်ခြင်း မဖြစ်စေရန် တားဆီးထားသော အဟန့်အတား(barrier) ဖြစ်သွားသည်။
Barrier potential အပေါင်းဓါတ်အားနှင့် အနုတ်ဓါတ်အား တို့သည် တခုနှင့် တခုနီးကပ်စွာရှိနေသော အချိန်တိုင်းတွင် အချင်းချင်းအ ပေါ်သက်ရောက်သော အားကို Coulomb’s law ဖြင့် ဖော်ပြသည်။ depletion region ထဲတွင် pn junction ၏ဆန့်ကျင်ဘက်များတွင် အပေါင်း နှင့် အနုတ်ဓါတ်အား များရှိနေသည်။ ဆန့်ကျင်ဘက်ဓါတ်အား များကြားရှိ အားများသည် field of forces ဖြစ်လာသည်။ ငှင်း ကို electric field ဟုခေါ်သည်။ပုံ ၁-၁၈ (ခ)တွင် အပေါင်းနှင့် အနုတ် ဓါတ်အားတို့ ကြားတွင် အနီရောင်မြှားဖြင့် ဖော်ပြထားသည်။ ငှင်း electric field သည် n-type အပိုင်းတွင်းရှိ free electron များအတွက် အဟန့်အတားဖြစ်သည်။ ထိုအဟန့်အတားကို ဖြတ်ပြီး electron ထွက်ရန် စွမ်းအင်လိုအပ်သည်။ထိုကဲ့သို့ depletion region အတွင်းရှိ electric field အဟန့်အတားကို electron ဖြတ်၍ထွက်ခွာရန် ပြင်ပ မှ စွမ်းအင်ထပ်မံလိုအပ်ပေသည်။
Depletion region ကိုဖြတ်ထားသော electric field ၏ potential ကွာခြားချက်သည် ထို electric field ကို electron ဖြတ်ထွက်ရန် လို အပ်သော voltage ပမာဏပင်ဖြစ်သည်။ ထို potential ကွာခြားချက်ကို barrier potential ဟုခေါ်သည်။ထိုပမာဏကို voltage ဖြင့် ဖော်ပြသည်။ အခြားနည်းဖြင့်ဖော်ပြရလျှင် electron များ junction ကိုဖြတ်ပြီးမထွက်ခွာမှီ သင်တော်သော ဓါတ်အားနှင့် barrier potential နှင့် တူညီသော voltage ပေးရန်လိုအပ်သည်။
Pn Junction ၏ barrier potential ပမာဏသည် တပိုင်းလျှပ်ကူးဒြပ်စင်အမျိုးအစား၊ အရောအနှော ပမာဏ နှင့် အပူချိန် စသော အကြောင်း အချက်တို့ ပေါ်တွင်မူတည်သည်။ ပုံမှန် barrier potential သည် 25’C တွင် ဆီလီကွန်အတွက် 0.7V နှင့် ဂျာမေနီယမ်အတွက် 0.3V ဖြစ်သည်။
Depletion region ကိုဖြတ်ထားသော electric field ၏ potential ကွာခြားချက်သည် ထို electric field ကို electron ဖြတ်ထွက်ရန် လို အပ်သော voltage ပမာဏပင်ဖြစ်သည်။ ထို potential ကွာခြားချက်ကို barrier potential ဟုခေါ်သည်။ထိုပမာဏကို voltage ဖြင့် ဖော်ပြသည်။ အခြားနည်းဖြင့်ဖော်ပြရလျှင် electron များ junction ကိုဖြတ်ပြီးမထွက်ခွာမှီ သင်တော်သော ဓါတ်အားနှင့် barrier potential နှင့် တူညီသော voltage ပေးရန်လိုအပ်သည်။
Pn Junction ၏ barrier potential ပမာဏသည် တပိုင်းလျှပ်ကူးဒြပ်စင်အမျိုးအစား၊ အရောအနှော ပမာဏ နှင့် အပူချိန် စသော အကြောင်း အချက်တို့ ပေါ်တွင်မူတည်သည်။ ပုံမှန် barrier potential သည် 25’C တွင် ဆီလီကွန်အတွက် 0.7V နှင့် ဂျာမေနီယမ်အတွက် 0.3V ဖြစ်သည်။
ပုံ၁-၁၉ စွမ်းအင်ပမာဏပြပုံ (က) ဝဲဘက်- junction ဖြစ်ပေါ်ချိန် (ခ)ယာဘက်- မျှခြေ အခြေအနေ
n-type အပိုင်းတွင် free electron များသည် conduction band ၏အပေါ်ပိုင်းကို ပိုင်ဆိုင်ပြီး junction ကိုလွယ်ကူစွာဖြတ်သွားနိုင် သည်။(ငှင်းတို့သည် ထပ်တိုးစွမ်းအင် ရရှိမှုမရှိပေ) ထို့နောက် p-type အပိုင်း conduction band ၏အောက်ဘက် အပိုင်းတွင် ယာယီ အားဖြင့် free electron များဖြစ်လာသည်။ electron များသည် junction ကိုဖြတ်ပြီးသော အခါ ပုံ ၁-၁၉(က) တွင်ပြထားသည့်အတိုင်း ငှင်းတို့၏စွမ်းအင် လျင်မြန်စွာဆုံးရှုံးပြီး p-type အပိုင်း valence band ၏ hole များအတွင်းသို့ ကျဆင်းသွားသည်။
ဤကဲ့သို့ လွတ်ထွက်နေခြင်းများ ဆက်လက်ဖြစ်ပေါ်နေပြီးနောက် depletion region စတင်ဖြစ်ပေါ်လာပြီး n-type conduction band ၏စွမ်းအင် ပမာဏကျဆင်းလာသည်။ ထိုသို့ကျဆင်းလာမှုသည် junction မှဖြတ်၍ p-type အပိုင်းသို့ ထွက်သွား သော စွမ်းအင်မြှင့် electron များကြောင့်ဖြစ်သည်။ ဤသို့ ဖြင့် n-type အပိုင်းတွင် junction ကိုဖြတ်ပြီး p-type အပိုင်းသို့ ထွက်ခွာရန် လိုအပ်သော စွမ်းအင်ရှိသည့် electron များကုန်ခန်းသွားသည်။ ထို့ပြင် ပုံ ၁-၁၉(ခ)တွင်ပြထားသည့်အတိုင်း n-type conduction band ထိပ်ပိုင်းနှင့် p-type conduction band အောက်ပိုင်းတို့ ဖြောင့်တန်းမှုလည်း မရှိတော့ပေ။ ထိုနေရာတွင် junction သည် မျှခြေ အခြေ အနေတခုသို့ ရောက်သွားသည်။ electron လွတ်ထွက်မှူလည်း ရပ်တန့်သွားပြီး depletion region မှာလည်း ပြည့်ဝသော အခြေအနေ တခုသို့ ရောက်သွားသည်။ ထိုနေရာတွင် n-type အပိုင်းမှ electron များသည် junction ကိုဖြတ်ထွက်ရန် ပိုမိုခက်ခဲစေသော အရာမှာ ယခင်ဖြောင့်တန်းလုနီးပါးရှိသော အပိုင်းနှစ်ခုသည် ယခုအခါ စွမ်းအင်တောင်ကုန်း ကဲ့သို့ electron များကျော်ဖြတ်ရန်ခက်ခဲစေသည်။
n-type conduction band အပိုင်း စွမ်းအင်ပမာဏအောက်သို့ ကျဆင်းသွားသကဲ့သို့ valence band အပိုင်း စွမ်းအင်ပမာဏ လည်းကျဆင်းသွားသည်။ valence band တွင်းရှိ electron များသည်လည်း free electron ဖြစ်ရန် လိုအပ်သောပမာဏမှာ condution band တွင်းရှိ electon များနှင့် တန်းတူဖြစ်သည်။ တနည်းအားဖြင့် valence band နှင့် conduction band အကြား စွမ်းအင် ပမာဏကွာဟချက်မှာ တူညီနေဆဲပင်ဖြစ်သည်။
၁.၆ ပြန်လှန်လေ့ကျင့်ခန်း
၁။ pn junction ဆိုသည်မှာ အဘယ်နည်း။
၂။လွတ်ထွက်ခြင်း အကြောင်းရှင်းပြပါ။
၃။ depletion region အကြောင်းရှင်းပြပါ။
၎။ barrier potential အကြောင်းရှင်းပြပါ။မည်ကဲ့သို့ ဖန်တီးသနည်း။
၅။ ဆီလီကွန် diode အတွက် ပုံမှန် barrier potential တန်ဖိုး ကိုဖော်ပြပါ။
၆။ဂျာမေနီယမ် diode အတွက် ပုံမှန် barrier potential တန်ဖိုး ကိုဖော်ပြပါ။
electronic devices မြန်မာပြန်
၁.၅ N-type နှင့် P- type တပိုင်းလျှပ်ကူး ( N-type and P-type semiconductor)
တပိုင်းလျှပ်ကူးဒြပ်စင်များသည် ကောင်းမွန်စွာ current မစီးနိုင်ပေ။ ငှင်းတို့သည် သန့်စင်သော အခြေအနေတွင် current စီး ဆင်းမှူ တန်ဖိုးကန့်သတ်ချက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် conduction band တွင် electron အရေအတွက် ကန့်သတ်ထားမှုနှင့် valence band တွင် holes အရေအတွက် ကန့်သတ်ထားမှုကြောင့် ဖြစ်သည်။ သန့်စင်သော ဆီလီကွန် (ဂျာမေနီယမ်) တို့ကို လွတ်လပ် အီလက်ထရွန် သို့မဟုတ် holes အရေအတွက် ကန့်သတ်ပေးခြင်းဖြင့် လျှပ်စီး စီဆင်းနိုင်မှူ (conductivity) ကိုတိုးမြှင့်ပေးပြီး အီလက်ထ ရွန်နစ်ပစ္စည်းများတွင် ပိုမိုအသုံးဝင်လာရန် ပြုပြင်နိုင်ပေသည်။ ငှင်းကို ယခုအခန်းတွင် လေ့လာမည်.့ အရောအနှောများကို ထည့်သွင်း နိုင်သည်။တပိုင်းလျှပ်ကူး အရော အနှော နစ်မျိုးမှာ n- type နှင့် p- type တို့ ဖြစ်သည်။ ယခုအခန်းကို လေ့လာပြီးသောအခါ n-type နှင့် p-type တို့၏ ဂုဏ်သတ္တိများ အကြောင်း၊ doping အကြောင်း၊ n-type နှင့် p-type တပိုင်းလျှပ်ကူးများဖြစ်ပေါ်ပုံ အကြောင်း၊အဓိက သယ်ဆောင်သူ နှင့် အရန်သယ်ဆောင်သူ(majority carrier and minority carrier) များအကြောင်း တို့ကိုလေ့လာနိုင်ပေသည်။
အရောအနှော ထည့်သွင်းခြင်း ( doping)
မသန့်စင်သော အရောအနှော များကို ထည့်သွင်းခြင်းဖြင့် ဆီလီကွန် နှင့် ဂျာမေနီယမ် ဒြပ်စင် များ၏ conductivity ကို တိုးမြှင့်နိုင်သည်။ ထိုသို့ လျှပ်စီးသယ်ဆောင်သူ(current carrier) အရေအတွက် တိုးတက်စေသော လုပ်ငန်း စဉ်ကို doping ဟုခေါ်သည်။ အရောမနှော နှစ်မျိုးမှာ n-type နှင့် p- type ဖြစ်သည်။
N-type တပိုင်းလျှပ်ကူး (N-type semiconductor)
conduction band အီလက်ထရွန် အရေအတွက် တိုးပွားစေရန် သန့်စင်သော ဆီလီ ကွန်အတွင်းသို့ pantavalent အရောအနှောအက်တမ် (အပြင်ဘက်ဆုံးအီလက်ထရွန် ၈လုံးပါသော) ထည့်သွင်းနိုင်သည်။ ထိုအက်တမ် များမှာ Arsenic(As), phosphorus(P), bismuth(Bi), နှင့် antimony(Sb) တို့ဖြစ်သည်။
ပုံ ၁.၁၅တွင် pentavalent အက်တမ်တလုံးသည် ပတ်လည် ဆီလီကွန် အက်တမ် လေးလုံးနှင့် covalent bond ဖြစ်ပေါ် သည်။ အက်တမ်၏ အပြင်ဘက်ဆုံးအီလက်ထရွန်များမှာ covalent bond ဖြစ်စေရန်အီလက်ထရွန် တလုံးထွက်သွားသော ဆီလီကွန် အက်တမ်နှင့်ပေါင်းစပ်ကြသည်။ ထိုထွက်သွားသော အပိုအီလက်ထရွန်မှာ လျှပ်စီးကိုဖြစ်စေသော conduction electron ဖြစ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအီလက်ထရွန်သည် မည်သည့်အီလက်ထရွန်နှင့် မဆိုပေါင်းစပ်နိုင်သည်။ထိုကဲ့သို့ အီလက်ထရွန်တလုံး ပေးလိုက်သော pentavalent အက်တမ် ကို donar atom ဟုခေါ်သည်။ conduction electron အရေအတွက်ကို ဆီလီကွန် အက်တမ် တွင်းသို့ ထည့်သွင်းသော အရောအနှော အရေအတွက်ပေါ် မူတည်၍ ထိန်းချုပ်နိုင်သည်။ doping ဖြစ်စဉ်ဖြင့် ဖန်တီးသာ conduction electron များသည် valence band တွင်း hole များကို ချန်မထားခဲ့ပေ အဘယ့်ကြောင့်ဆိုသော် valence band ကိုဖြည့်ဆီးရန်လိုအပ် သော အရေအတွက်ထက်ပိုများ နေသောကြောင့်ဖြစ်သည်။
ပုံ ၁.၅ အရောအနှော pentavalent အက်တမ် ဆီလီကွန်ခရစ်စ တယ်အတွင်းတည်ရှိနေပုံ။ အပိုအီလက်ထရွန်သည် Sb အက်တမ် မှ လွတ်လပ်အီလက်ထရွန်ဖြစ်သွားသည်။
အဓိက နှင့် အရန် သယ်ဆောင်သူ(Majority and Minority Carrier)
Current carrier အများစုမှာ အီလက်ထရွန်များ ဖြစ်သောကြောင့် pentavalent အက်တမ်ဖြင့် အရောအနှောသွင်းထားသော ဆီလီကွန်(ဂျာမေနီယမ်) တို့သည် n-type တပိုင်းလျှပ်ကူးများဖြစ်သည်။ n-type များတွင် အီလက်ထရွန်များကို majority carrier ဟုခေါ်သည်။ သို့သော်လည်း electron-hole pair များမှ အပူထုတ်လွတ်သော အခါ hole အနည်းငယ်ဖြစ်ပေါ်စေသည်။ hole များသည် pentavalent အရောအနှောထည့်သွင်းခြင်း ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ် ပေ။ n-type တွင် hole များသည် minority carrier များဖြစ်သည်။
P-type တပိုင်းလျှပ်ကူး (P-type Semiconductor)
သန့်စင်ဆီလီကွန် အတွင်း hole အရေအတွက်တိုးပွားစေရန် trivalent အရောအနှောများကို ပေါင်းထည့်ရသည်။ ထိုအက်တမ်များသည် အပြင်ဘက်ဆုံးအီလက်ထရွန် သုံလုံး ပါဝင်သော boron(B), indium(In), gallium(Ga) အက်တမ်များဖြစ်သည်။ ပုံ ၁.၆ တွင် trivalent atom(ယခုအခြေအနေတွင် boron) သည် ကပ်လျက် ဆီလီကွန် အက်တမ်လေးလုံးနှင့် covalent bond ဖြစ်ပေါ်သည်။ boron ၏ အပြင်ဘက်ဆုံး အီလက်ထရွန်များသည် covalent bond ဖြစ်ပေါ်စေပြီး အီလက်ထရွန်လေးလုံး လိုအပ်သောကြောင့် trivalent တလုံးပေါင်းထည့်တိုင်း hole တလုံးရရှိသည်။ trivalent အက်တမ်သည် အီလက်ထရွန်ရယူသောကြောင့် acceptor atom ဟုခေါ်သည်။ hole အရေအတွက်ကို ထည့်သွင်းသော trivalent အရောအနှော အရေအတွက်ဖြင့်ထိန်းချုပ်သည်။ doping ပြုလုပ်ခြင်းဖြင့် ဖြစ်ပေါ်လာသော hole များ သည် conduction electron နှင့် လိုက်ပါသွားခြင်းမရှိပေ။
ပုံ ၁.၁၆ ဆီလီကွန် တွင်းရှိ trivalent အရောအနှော အက်တမ်ပုံ။
အဓိကနှင့် အရန်သယ်ဆောင်သူ (Majority and Minority carriers) Current carrier အများစုမှာ hole များဖြစ်သောကြောင့် trivalent atoms များနှင့် အရောအနှောလုပ်ထားသော ဆီလီကွန်(ဂျာမေနီယမ်) ကို p-type တပိုင်းလျှပ်ကူး ဟုခေါ်သည်။ hole များကို အပေါင်း ဓါတ်ဆောင် အဖြစ်ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အီလက်ထရွန်ထွက်ခွာမှူ သည်ထိုနေရာတွင် အပေါင်းဓါတ်ဆောင် ဖြစ်လာသည်။ hole များသည် p-type ဒြပ်စင်များတွင် majority carrier ဖြစ်သည်။ current ကို အဓိက သယ်ဆောင်သူမှာ hole များ ဖြစ်သော်လည်း electron-hole pairs များမှ အပူထုတ်လွတ်သောအခါ လွတ်လပ်အီလက်ထရွန်အချို့ ဖြစ်ပေါ်လာနိုင်သည်။ trivalent အရောအနှော အက်တမ်များပေါင်းထည့်ခြင်းအားဖြင့် လွတ်လပ်အီလက်ထရွန်ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်သည်။ p-type တွင် အီလက် ထရွန်များသည် minority carrier ဖြစ်သည်။

၁.၅ ပြန်လှန်လေ့ကျင့်ခန်း
၁။ အရောအနှောထည့်သွင်းခြင်းကို ရှင်းပြပါ။
၂။ pentavalent နှင့် trivalent အက်တမ် အကြားရှိ ခြားနား ချက် ကိုဖော်ပြပါ။ အခြားအက်တမ်များကိုလည်းဖော်ပြပါ။
၃။ n-type တပိုင်းလျှပ်ကူး မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။
၎။ p-type တပိုင်း လျှပ်ကူး မည်ကဲ့သို့ဖြစ်ပေါ်လာသနည်း။
၅။ n-type တပိုင်းလျှပ်ကူးတွင် majority carrier မှာ အဘယ်နည်း။
၆။ p-type တပိုင်းလျှပ် ကူးတွင် majority carrier မှာ အဘယ်နည်း။
၇။ မည်သည့် ဖြစ်စဉ်ဖြင့် majority carrier များထုတ်လွတ်သနည်း။
၈။ မည်သည့် ဖြစ် စဉ်ဖြင့် minority carrier များထုတ်လွတ်သနည်း။
၉။ သန့်စင်တပိုင်းလျှပ်ကူး နှင့် အရောအနှော တပိုင်းလျှပ်ကူးကြား ကွဲပြားချက်ကို ဖော်ပြပါ။

၁.၄ တပိုင်းလျှပ်ကူးတွင် လျှပ်ကူးခြင်း(Conduction in Semiconductors)
အီလက်ထရွန်နစ်ပစ္စည်းများ မည်ကဲ့သို့အလုပ်လုပ်ကြသည်ကို နားလည်သဘောပေါက်ရန် အရာဝတ္ထုများတွင် မည်သည့်နည်းဖြင့် လျှပ်စစ် စီးသည်ကိုနားလည်ရမည်။ လျှပ်စီး၏အားသက်ရောက်မှူ အခြေခံသဘောကို နားမလည်လျှင်diodesများ transistor များ အလုပ်လုပ်ပုံကို နားမလည်နိုင်ပေ။ ယခုအခန်းခွဲကိုလေ့လာပြီးသောအခါ တပိုင်းလျှပ်ကူးအတွင်း မည်ကဲ့သို့ လျှစ်စီးထုတ်လုပ်ပုံ၊ အီလက်ထရွန်များစီးဆင်းပုံ၊ hole အကြောင်း၊ electron-hole အတွဲအကြောင်း၊ ပြန်လည်ပေါင်းစည်းခြင်း၊ electron current နှင့် hole current ကွာခြားပုံ တို့ကို နားလည်သဘောပေါက်ရပေမည်။
ယခင်သိခဲ့ပြီးသည့်အတိုင်း အက်တမ်၏ အီလက်ထရွန်များသည် ဖော်ပြခဲ့ပြီးသော အစုများအတွင်းတည်ရှိသည်။ နျူကxxxယပ်စ် ပတ်လည်ရှိ ရှဲလ်တခုစီသည် စွမ်းအင်အစုတခုနှင့် စပ်ဆက်နေပြီး အီလက်ထရွန်မရှိသော energy gaps များနှင့်ခွဲခြားထားသည်။ပုံ ၁.၁၀ သန့်စင်သောဆီလီကွန် ခရစ်စတယ် အတွင်းရှိ ပြင်ပအားသက်ရောက်ခြင်းမရှိသေးသော(အပူစွမ်းအင်ကဲ့သို့) အက်တမ်အတွက် စွမ်းအင်အစုပုံကိုဖော်ပြထားသည်။ ငှင်းသည် အပူချိန် 0 Kelvin တွင်သာဖြစ်ပေါ်သည်။
ပုံ ၁.၁၀ သန့်စင်ဆီလီကွန် ခရစ်စတယ်အတွက် စွမ်းအင်အစုပြပုံ
Electrons နှင့့် holes များလျှပ်ကူးခြင်း (Conduction Electrons and Holes)
ပုံ ၁.၁၁ (က)
အခန်းအပူချိန်တွင် သန့်စင်သော ဆီလီကွန် ခရစ်စတယ် တွင် လွတ်လပ်အီလက်ထရွန်ဖြစ်ရန် valence band မှ conduction band သို့ကူးပြောင်းချင်သော အပြင်ဘက်ဆုံး အီလက်ထရွန် အချို့အတွက် လုံလောက်သော အပူစွမ်းအင်ရှိသည်။ လွတ်လပ်အီလက်ထရွန်များကို လျှပ်ကူးအီလက်ထရွန်များ (conduction electrons) ဟုလည်းခေါ်သည်။ငှင်းကို ပုံ ၁.၁၁(က) တွင်ပြထားပြီး ငှင်းတို့ bonding ဖြစ်နေပုံကို ပုံ ၁.၁၁(ခ)တွင်ပြထားသည်။
ပုံ ၁.၁၁ (ခ)
အီလက်ထရွန်တလုံးသည် conduction band သို့ ကူးပြောင်းသွားသောအခါ ခရစ်စတယ်တယ် အတွင်းရှိ valence band တွင် နေရာလွတ်ကျန်ခဲ့သည်။ထိုနေရာလွတ်ကို hole ဟုခေါ်သည။်ပြင်ပအားဖြင့် conduction band သို့ရောက်ရှိလာသော အီလက်ထရွန်တိုင်းအတွက် valence band တွင် hole ကျန်ခဲ့သည်။ထိုသို့ဖန်တီးထားခြင်းကို hole-electron pair ဟုခေါ်သည်။ conduction band တွင်းရှိအီလက်ထရွန်တလုံးသည် စွမ်းအင်ဆုံးရှုံးပြီး valence band တွင်းရှိ hole သို့ ပြန်လည်ရောက်ရှိလာခြင်းကို ပြန်လည်ပေါင်းစည်းခြင်း(Recombination) ဟုခေါ်သည်။
အကျဉ်းချုပ်ကြည့်လျှင် အခန်းအပူချိန်တွင် သန့်စင်ဆီလီကွန်၏အစိတ်အပိုင်းတွင် conduction bandသို့ ရောက်သွားသော မည်သည့် အက်တမ်ကမျှ ဆွဲငင်နိုင်ခြင်းမရှိသော လွတ်လပ်အီလက်ထရွန်အချို့ရှိပြီး ထိုအီလက်ထရွန်များသည် အရာဝတ္ထုများတလျောက်ဖြတ် သန်းသွားကြသည်။(လျှပ်စီးအဖြစ်စီးဆင်းကြသည်) အီလက်ထရွန်များ condution band သို့ ကူးပြောင်းသွားသောအခါ ထိုအရေအတွက် အတိုင်း valence band အတွင်း hole များကျန်ခဲ့သည်။ ပုံ ၁.၂ တွင်ပြထားသည်။
ပုံ ၁.၁၂ ဆီလီကွန် ခရစ်စတယ်အတွင်းရှိ electron-hole pairs များ၊
အီလက်ထရွန်လျှပ်စီး နှင့် ဟိုးလျှပ်စီး (Electron Current and Hole Current)
သန့်စင်အီလက်ထရွန် အစိတ်အပိုင်းတခု ကို voltage ပေးသောအခါ ပုံ ၁ ၁၃ တွင် ပြထားသည့်အတိုင်း လွတ်လပ်စွာ ရွေလျားနိုင် သော crystal တည်ဆောက်ပုံ ရှိသည့် conduction band တွင် အပူကြောင့် ထုတ်လွတ်သော လွတ်လပ်အီလက်ထရွန်များ ကိုအပေါင်း ဘက် အစွန်းကို လွယ်ကူစွာဆွဲငင်နိုင်ကြသည်။ ထိုရွေလျားမှုသည် တပိုင်းလျှပ်ကူးပစ္စည်းများတွင် လျှပ်စီးအမျိုးအစားတမျိုး ဖြစ်သည်။ ငှင်းကို electron current ဟုခေါ်သည်။ အခြား လျှပ်စီးပုံစံတမျိုးမှာ valence band ဖြစ်သည်။ ထို band တွင် လွတ်လပ်အီလက်ထရွန်ကြောင့် ဖြစ်ပေါ်လာသော holes များ ရှိသည်။ valence band တွင် ကျန်ရှိနေသော အီလက်ထရွန်အချို့သည် ငှင်းတို့၏အက်တမ်များနှင့် ဆွဲငင်နေဆဲဖြစ်ပြီး လွပ်လပ်အီလက် ထရွန်များကဲ့သို့ crystal ပုံစံအတွင် လွတ်လပ်စွာရွေ့လျား နိုင်ခြင်းမရှိသေးပေ။ သို့သော်လည်း အပြင်ဘက်ဆုံး အီလက်ထရွန်တလုံး သည် ငှင်းတွင်ရှိသော စွမ်းအင်အဆင့် အရ နီးကပ်သော hole အလွတ်များသို့ ရွေ့လျားနိုင်သည်။ ထို့ကြောင့် အီလက်ထရွန်သည် ငှင်းတည်ရှိခဲ့သော hole ကိုစွန့်ခွာသည်။ ဤသို့ဖြင့် crystal ပုံစံအတွင်း holes များတနေရာမှ တနေရာသို့ ရွေ့လျားကြသည်။ ငှင်းကို hole current ဟုခေါ်သည်။ပုံ ၁.၁၄ တွင်ပြထားသည်။
ပုံ ၁.၁၃ electron current သန့်စင် ဆီလီကွန်အတွင်း စီးဆင်းပုံ
ပုံ ၁.၁၄ hole current သန့်စင် ဆီလီကွန်အတွင်း စီးဆင်းပုံ
၁.၄ ပြန်လှန်လေ့ကျင့်ခန်း
၁။ valence band သို့မဟုတ် conduction band တွင် လွတ်လပ်အီလက်ထရွန်များ စီးဆင်းကြပါသလား။
၂။ မည်သည့် အီလက်ထရွန်များသည် ဒြပ်စင်များအတွင်း လျှပ်စီး အဖြစ် တုံ့ပြန်နိုင်စွမ်းရှိသနည်း။
၃။ hole ဆိုသည်မှာ အဘယ်နည်း။
၎။ မည်သည့် စွမ်းအင် ပမာဏတွင် hole current ဖြစ်ပေါ်နိုင်သနည်း။

Tuesday, August 23, 2011
electronic devices မြန်မာပြန်
၁.၃ အီလက်ထရွန်မျှဝေမှုဖြစ်ပေါ်နိုင်သောနေရာများ (Covalent bonds)
အက်တမ်များသည် အခဲများ၊ခရစ်စတယ်များ ဖြစ်ပေါ်လာစေရန် တခုနှင့်တခုထပ်တူကျသော ပုံစံများရှိကြသည်။ခရစ်စတယ် တည်ဆောက်မှုပုံစံ အတွင်းရှိကြသော အက်တမ်များ သည် Covalent bonds ဖြင့်အတူတည်ရှိကြသည်။ထိုCovelent bonds များသည် အပြင်ဘက်ဆုံးအီလက်ထရွန်များ အချင်းချင်းအားသက်ရောက်မှုမှဖန်တီးထားသည်။ဆီလီကွန်သည် ခရစ်စတယ်ဖြစ်သည်။
ယခုအခန်းခွဲအားလေ့လာပြီးနောက် ဆီလီကွန်အတွင်းcovelent bond ဖြစ်ပေါ်ခြင်း၊ covelent bond ၏အဓိပ္ပါယ်၊ covelent bond တွင် မည်သည့်အရာများပါဝင်သည်၊ဆီလီကွန်ခရစ်စတယ် မည်ကဲ့သို့ဖြစ်ပေါ်လာသည်တို့ကိုနားလည်သဘောပေါက်ရပေမည်။

ပုံ ၁.၈ ၀ဲ တွင်ဗဟိုရှိ ဆီလီကွန်အက်တမ်သည် ငှင်း၏ အီလက် ထရွန်များကို ပတ်ပတ်လည်တွင်ရှိသော အီလက်ထရွန် လေး လုံးနှင့်မျှဝေ၍ covelent bond ကို ဖြစ်ပေါ်စေသည်။ ပတ် လည်အီလက်ထရွန်လေးလုံး သည်လည်း အခြားကပ်လျက် အီလက်ထရွန်များနှင့် ထိုကဲ့သို့ ပြုမူကြသည်။ (ယာ) bond ဖြစ်ပေါ်ပုံ
ခရစ်စတယ်ဖြစ်ပေါ်စေရန် ပတ်လည်အီလက်ထရွန်လေးလုံး နှင့်မည်ကဲ့သို့တည်ရှိကြပုံကိုပြထားသည်။အပြင်ဘက်ဆုံး အီလက်ထရွန်လေးလုံး ပါသော ဆီလီကွန်အက်တမ်သည် ပတ်လည်အက်တမ်လေးလုံးနှင့် အီလက်ထရွန်မျှဝေနိုင်ကြသည်။ ထိုသို့ဖြင့် အက်တမ်တလုံးစီတွင် မျှဝေထားသော အပြင်ဘက်ဆုံးအီလက်ထရွန် ၈လုံးပါရှိပြီး ဓာတုဆိုင်ရာတည်ငြိမ်မှုကို ရရှိပေသည်။အပြင်ဘက် ဆုံးအီလက်ထရွန်များ မျှဝေခြင်းဖြင့် အက်တမ်များစုပေါင်းနေသော covalent bonds ရရှိသည်။ အပြင်ဘက်ဆုံးအီလက်ထရွန်တလုံး သည် ငှင်းနှင့်ကပ်လျက် အက်တမ်နှစ်လုံး၏ဆွဲငင်မှုကိုခံရသည်။သန့်စင်သော ဆီလီကွန်ခရစ်စတယ်အတွင်း covalent bond ဖြစ်ပေါ်
ခြင်းကိုပုံ ၁.၉ တွင်ပြထားသည်။

ပုံ ၁.၉ ဆီလီကွန်ခရစ်စတယ် အတွင်းရှိ covalent bond
သန့်စင်ခရစ်စတယ်တွင် အခြားမသန့်စင်သောဒြပ်များမပါဝင်ပေ။ ဂျာမေနီယမ်တွင်လည်း အပြင်ဘက်ဆုံး အီလက်ထရွန် လေးလုံး ရှိသောကြောင့်ဆီလီကွန်ကဲ့သို့ပင် covalent bond ဖြစ်ပေါ်သည်။
၁.၃ ပြန်လှန်လေ့ကျင့်ခန်း ၁။covelent bond မည်ကဲ့သို့ဖြစ်ပေါ်သနည်း။ ၂။သန့်စင်သောဆိုသည့် အသုံးအနှန်းမှာမည်ကဲ့သို့ အဓိပ္ပာယ်နည်း။ ၃။ခရစ်စတယ်ဆိုသည်မှာ အဘယ်နည်း။ ၄။ ဆီလီကွန်ခရစ်စတယ်အတွင်း အက်တမ်တလုံးစီတွင် အပြင်ဘက်ဆုံး အီလက်ထရွန် မည်မျှပါဝင်သနည်း။

| Click this bar to view the full image. |

၁.၂ တပိုင်းလျှပ်ကူး၊လျှပ်ကူး၊ နှင့် လျှပ်ကာ
(Semiconductors, Conductors, and Insulators)
လျှပ်စစ်ဆိုင်ရာ ဂုဏ်သတ္တိအရ အရာဝတ္ထုများကို အမျိုးအစားသုံးခုခွဲခြားနိုင်သည်_ လျှပ်ကူး၊တပိုင်းလျှပ်ကူး၊နှင့် လျှပ်ကာ တို့ဖြစ်သည်။ ယခုအခန်းခွဲတွင်တပိုင်းလျှပ်ကူးနှင့် လျှပ်ကူး ၊လျှပ်ကာတို့၏ဂုဏ်သတ္တိများကို ခွဲပြားစေရန် တင်ပြမည်ဖြစ်သည်။ ယခုအခန်းခွဲလေ့လာပြီးလျှင် တပိုင်းလျှပ်ကူး၊လျှပ်ကူးနှင့် လျှပ်ကာတို့ အကြောင်း နှင့် ငှင်းတို့ ၏ကွာခြားချက်များ၊ ဗဟိုအစုCore၊ ဆီလီကွန် Silicon ဂျာမေနီယမ် Germanium နှင့် ကြေးနီ Copper တို့၏အက်တမ်ဖွဲ့စည်းပုံ၊ အကောင်းဆုံးလျှပ်ကူးလေးမျိုး နှင့် အကောင်းဆုံးလျှပ်ကာလေးမျိုး၊ လျှပ်ကူးနှင့် တပိုင်းလျှပ်ကူးတို့၏ကွာခြားချက်များ၊ ဆီလီကွန်နှင့်ဂျာမေနီယမ်၏ ကွာခြားချက်များ အကြောင်းတို့ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။
အရာဝတ္ထုတိုင်းကို အက်တမ်များဖြင့်တည်ဆောက်ထားသည်။ထိုအက်တမ်များသည် လျှပ်စစ်ဓါတ်များဖြတ်သန်းစီးဆင်းရာ တွင်အကူအညီပေးကြသည်။ လျှပ်စစ်ဆိုင်ရာဂုဏ်သတ္တိများအကြောင်းကိုဆွေးနွေးရန် အက်တမ်ကို အပြင်ဘက်ဆုံးရှဲလ်နှင့် ဗဟိုအစုCore ဟု နှစ်မျိုးခွဲခြားမည်။ဗဟိုအစုတွင် နူကလီးယပ်စ်နှင့် အတွင်းပိုင်းရှဲလ်များအားလုံးပေါင်းစပ်ပါဝင်သည်။ထိုအယူအဆကို ပုံ ၁.၄ တွင်ကြည့်ပါ။ ကာဗွန်Carbon ကိုအချို့ လျှပ်ခံ resistor များတွင်အသုံးပြုကြသည်။ကာဗွန်အက်တမ်တွင် ဘက်ညီရှဲလ်တွင် အီလက်ထရွန် ၄ လုံး ပါဝင်ပြီး အတွင်းပိုင်းရှဲလ်တွင် ၂လုံးပါဝင်သည်။ နူကလီးယပ်စ်တွင် ပရိုတွန် ၆လုံးပါပြီး နူထရွန် ၆လုံးပါသည် ထို့ကြောင့် အပေါင်းလျှပ်စစ် ဓါတ်အား +6 ဟုဖော်ပြသည်။ ကိုးcore တွင် အသားတင်ဓါတ်အား +4 ရှိသည်။(နူကလီးယပ်စ်+6နှင့်အတွင်းရှဲလ်အီလက်ထရွန်တွင်-2)
ပုံ ၁.၄ ကာဗွန်အက်တမ်၏ပုံ
လျှပ်ကူးများ(Conductors) လျှပ်စီးကြောင်း current လွယ်ကူစွာဖြတ်သန်းသွားနိုင်သောပစ္စည်းကို လျှပ်ကူးပစ္စည်းဟုခေါ်သည်။ အ ကောင်းဆုံးလျှပ်ကူးပစ္စည်းမှာ နူကလီးယပ်စ်မှဆွဲငင်အားနည်းသော အပြင်ဘက်ဆုံးအီလက်ထရွန်တလုံးတည်းသာ ပါဝင်သော ကြေးနီ (copper)ငွေ(silver)ရွှေ(gold)အလူမီနီယမ်(aluminium)သတ္တုဒြပ်စင်များဖြစ်ကြသည်။ထို အီလက်ထရွန်တလုံးသည် ဆွဲငင်မှူနည်းပါး ခြင်းကြောင့်လွယ်ကူစွာ လွတ်ထွက်သွားပြီး လွတ်လပ်အီလက်ထရွန်လွယ်ကူစွာဖြစ်သွားနိုင်ကြသည်။ထိုကဲ့သို့ လျှပ်ကူးမှုကောင်းသော အရာဝတ္ထုများတွင် လွတ်လပ်အီလက်ထရွန်များစွာရှိပြီး ထိုအီလက်ထရွန်များသည်လမ်းကြောင်းတဖက်တည်းသို့ ဦးတည်ရွေ့လျားကြ သောအခါ လျှပ်စီးကြောင်းဖြစ်ပေါ်လာသည်။အီလက်ထရွန်စီးဆင်မှူသည် လျှပ်စီး current ပင်ဖြစ်သည်။
လျှပ်ကာ(Insulator) လျှပ်ကာများသည် သာမန်အခြေအနေတွင်လျှပ်စီး မစီးဆင်းနိုင်သော အရာများဖြစ်သည်။ ကောင်းမွန်သော လျှပ်ကာများသည်ဒြပ်ပေါင်းအဖြစ် မြင်တွေ့ရလေ့ရှိသည်။ထိုဒြပ်ပေါင်းများတွင် ဘက်ညီအီလက်ထရွန်များသည် အက်တမ်တွင်းတည်ငြိမ် စွာတည်ရှိနေသောကြောင် လွတ်လပ်အီလက်ထရွန်နည်းပါးကြသည်။
တပိုင်းလျှပ်ကူး(Semiconductor) တပိုင်းလျှပ်ကူး၏လျှပ်စီး စီးဆင်းနိုင်မှုစွမ်းရည်သည် လျှပ်ကူးနှင့် လျှပ်ကာတို့ ကြားတွင်ရှိသည်။ တပိုင်းလျှပ်ကူးအများစုသည် ငှင်း၏ဒြပ်စင်တမျိုးတည်းသန့်စင်စွာ တည်ရှိနေသောအချိန်တွင် လျှပ်ကူးသို့မဟုတ် လျှပ်ကာ ဖြစ်နိုင်သည်။ အသုံးအများဆုံး ဒြပ်စင်တပိုင်းလျှပ်ကူးများမှာ ဆီလီကွန်(silicon) ဂျာမေနီယမ်(germanium)နှင့် ကာဗွန်(carbon)တို့ဖြစ်ကြသည်။ ဒြပ်ပေါင်းတပိုင်းလျှပ်ကူးမှာ ဂါလီယမ်အာစင်နိုက်(gallium arsenide) ဖြစ်သည်။ဒြပ်စင်တပိုင်းလျှပ်ကူးများ တွင် အပြင်ဘက်ဆုံးအီလက်ထရွန် လေးလုံးပါဝင်ကြသည်။
စွမ်းအင်အစု(Energy Band) အက်တမ်၏အပြင်ဘက်ဆုံးရှဲလ်များကို စွမ်းအင်ပမာဏအစု အဖြစ်ပြန်လည်ဖော်ပြမည်။ ထိုရှဲလ်အတွင်းမှ ဘက်ညီအီလက်ထရွန်များလည်း ထိုအစုအတွင်းပါဝင်ကြသည်။ အီလက်ထရွန်တလုံးသည် လိုအပ်သောထပ်တိုးစွမ်းအင် ရရှိပြီး အပြင်ဘက်ဆုံးရှဲလ်မှ ထွက်ခွာသွားသောအခါ လွတ်လပ်အီလက်ထရွန်ဖြစ်လာသည်။ထိုနေရာတွင် လျှပ်စစ်စီးဆင်းမှုအစုconduction band ဟုခေါ်သည်။အပြင်ဘက်ဆုံးအစု valence bandနှင် လျှပ်စစ်စီးဆင်းမှူအစု conduction band အကြားတွင်ရှိသော ကွာဟသောစွမ်းအင်ကို စွမ်းအင်ကွာဟချက် energy gap ဟုခေါ်သည်။ထိုကွာဟချက်သည် အပြင်ဘက်ဆုံးအီလက်ထရွန်တလုံး အပြင်ဘက်ဆုံးအစုမှလျှပ်စစ်စီးဆင်းမှုအစု သို့ ထွက်ခွာရန်လိုအပ်သော စွမ်းအင်ပမာဏဖြစ်သည်။ ပုံ ၁.၅ တွင် လျှပ်ကူး၊လျှပ်ကာ နှင့် တပိုင်းလျှပ်ကူးများအတွက် စွမ်းအင်ပုံကြမ်း ကို ပြသထားသည်။(a) တွင် လျှပ်ကာinsulator သည်အလွန်ကျယ်သောကွာဟချက်ရှိသည်။ထို့ကြောင့် အလွန်မြင့်မားသော ဗို့အားပေး သောကြောင့် ပျက်စီးမှုအခြေအနေ breakdown condition မှလွဲ၍လျှပ်စစ်စီးဆင်းမှုအစုတွင်းသို့ ရောက်ရှိခြင်း(လျှပ်စီးစီးဆင်းခြင်း) အဖြစ်နိုင်ပေ။(b)တွင် တပိုင်းလျှပ်ကူး၌ ပိုမိုကျဉ်းမြောင်းသောကွာဟချက်ရှိသည်။ထိုကွာဟချက်သည် အချို့အပြင်ဘက်ဆုံးအီလက်ထရွန်များ ကိုဖြတ်သန်းစီးဆင်းခွင့်ြ့ပုသောကြောင့် လွတ်လပ်အီလက်ထရွန်များဖြစ်လာသည်။(c) တွင် စွမ်းအင်အစုနှစ်ခုသည် လျှပ်ကူးတွင်ထပ်နေ ကြသည်။ထို့ကြောင်လျှပ်ကူးဝတ္ထုများတွင် လွတ်လပ်အီလက်ထရွန်အရေအတွက်များစွာဖြစ်ပေါ်သည်။
ပုံ ၁.၅ စွမ်းအင်ဆိုင်ရာ နှိုင်းယှဉ်ချက်ပုံကြမ်း
တပိုင်းလျှပ်ကူးအက်တမ် ကိုလျှပ်ကူးအက်တမ်နှင့် နှိုင်းယှဉ်ခြင်း( Comparison of a Semiconductor Atom to a Conductor Atom) ဆီလီကွန် သည်တပိုငးလျှပ်ကူးဖြစ်၍ ကြေးနီသည် လျှပ်ကူးဖြစ်သည်။ဆီလီကွန်အက်တမ်၏ပုံနှင့် ကြေးနီအက်တမ်၏ပုံကို ပုံ ၁.၆ တွင်ပြ သထားသည်။ဆီလီကွန်အက်တမ်တွင် အသားတင်ဓါတ်အား +4(14ပရိုတွန် -10အီလက်ထရွန်)်ရှိပြီး ကြေးနီတွင် +1(29ပရိုတွန်-28 အီလက်ထရွန်)ရှိသည်။
ပုံ ၁.၆ ကြေးနီနှင့် ဆီလီကွန်အက်တမ်၏ပုံ
ကြေးနီ၏ အပြင်ဘက်ဆုံးအီလက်ထရွန်တွင် ကျရောက်သော ဆွဲငင်အား+1ကို ဆီလီကွန်၏အပြင်ဘက်ဆုံးအီလက်ထရွန်တွင်ကျရောက်နေသော ဆွဲငင်အား +4 နှင့်နှိုင်းယှဉ်သောအခါ လေးဆမျှကွာခြားသည်ကို မြင်တွေ့ရသည်။ထို့ကြောင့် ဆီလီကွန်အက်တမ် တွင် အပြင်ဘက်ဆုံးအီလက် ထရွန်ကို ဆွဲငင်ရန် အားလေဆမျှ ပိုများနေကြောင်းတွေ့ရသည်။ ကြေးနီ၏ စတုတ္ထမြောက်ရှဲလ်တွင်ရှိသော အပြင်ဘက်ဆုံးအီလက်ထရွန်သည် ဆီလီကွန်၏တတိယမြောက်ရှဲလ် တွင်ရှိနေသော အပြင်ဘက်ဆုံးအီလက်ထရွန်ထက် နူကလီးယပ်စ်မှပိုမိုဝေးကွာသည်။နူကလီးယပ်စ်နှင့်ပိုမိုဝေး ကွာသော အီလက်ထရွန်များ သည် စွမ်းအင်ပိုမိုရရှိသောသဘောရှိသည်။ ဆိုလိုသည်မှာ ကြေးနီ၏ အပြင်ဘက်ဆုံးအီလက်ထရွန်များသည် ဆီ လီကွန်၏ အပြင်ဘက်ဆုံးအီလက် ထရွန်များထက် အက်တမ်မှထွက်ခွာရန်လိုအပ်သော စွမ်းအင်ပိုမိုရရှိနေကြပြီး လျှပ်စစ်စီးဆင်းမှုအစုတွင် လွတ်လပ်အီလက်ထရွန် ဖြစ် လာကြသည်။ခြုံငုံကြည့်လျှင် ကြေးနီ၏များပြားသောအရေအတွက်ရှိသည့် အပြင်ဘက်ဆုံးအီလက်ထရွန်များသည် သာမန်အခန်းအပူချိန်မှာပင် လွတ်လပ်အီလက်ထရွန်ဖြစ်ရန်(လျှပ်စစ်စီးဆင်းရန်) လုံလောက်သောစွမ်းအင်ရရှိပြီးဖြစ်နေကြပေသည်။
ဆီလီကွန်နှင့် ဂျာမေနီယမ်(Silicon and Germanium) ဆီလီကွန်နှင့် ဂျာမေနီယမ် တို့၏အက်တမ်တည်ဆောက်ပုံများကို ပုံ ၁.၇ တွင် ဖော်ပြထားသည်။ ဆီလီကွန်ကို ဒိုင်အုတ်များ(diodes)၊ထရန်စ္စစတာများ(transistors)၊ အိုင်စီများ(integrated circuits)နှင့် အခြား တပိုင်းလျှပ်ကူးအီလက်ထရွန်နစ်ပစ္စည်းများတွင်အကျယ်ပြန့်ဆုံးအသုံးပြုသည်။ဆီလီကွန်နှင့်ဂျာမေနီယမ်တွင် အပြင်ဘက်ဆုံးအီလက်ထရွန်
ပုံ ၁.၇ ဆီလီကွန်နှင့် ဂျာမေနီယမ်၏ ပုံ
လေးလုံးစီရှိကြသည်။ ဂျာမေနီယမ်၏ အပြင်ဘက်ဆုံး အီလက်ထရွန်များသည် စတုတ္ထမြောက်ရှဲလ်တွင် ရှိနေကြပြီး ဆီလီကွန်၏ အပြင်ဘက်ဆုံးအီလက်ထရွန်များသည် တတိယ မြောက်ရှဲလ်တွင် ရှိနေကြသောကြောင့် ဆီလီကွန်၏အပြင်ဘက်ဆုံးအီလက်ထရွန်များသည် နူကလီးယပ်စ်နှင့် ပိုမိုနီးကပ်ကြသည်။ဆိုလိုသည်မှာ ဂျာမေနီယမ်၏ အပြင်ဘက်ဆုံးအီလက်ထရွန်များသည် ဆီလီကွန်၏အပြင်ဘက်ဆုံးအီလက်ထရွန်များထက် ပိုမိုမြင့် မားသော စွမ်းအင်ရှိကြသည်။ထို့ကြောင့် အက်တမ်မှ လွတ်ထွက်သွားရန် ထပ်တိုးစွမ်းအင်အနည်းငယ်သာလိုအပ်တော့သည်။ ထို ဂုဏ်သတ္တိသည် ဂျာမေနီယမ်ကို မြင့်မား သောအပူချိန်များတွင် မတည်ငြိမ်သော(လျှပ်စစ်စီးဆင်းမှုကိုအားပေးသော)အခြေအနေကိုဖြစ်ပေါ်စေသည်။ ထိုကြောင့် ဆီလီကွန် သည်ပိုမို စိတ်ချရသော အခြေအနေ တွင်ရှိသောကြောင့် အကျယ်ပြန့်ဆုံးအသုံးပြုကြသည်။
၁.၂ ပြန်လှန်လေ့ကျင့်ခန်းများ ၁။ လျှပ်ကူးနှင့်လျှပ်ကာ တို့၏ကွဲပြားချက်ကိုဖော်ပြပါ။ ၂။တပိုင်းလျှပ်ကူးသည် လျှပ်ကူးနှင့်လျှပ်ကာ တို့မှ မည်သို့ကွဲပြားသနည်း။ ၃။ကြေးနီကဲ့သို့လျှပ်ကူးများတွင် အပြင်ဘက်ဆုံးအီလက်ထရွန်မည်မျှပါရှိသနည်း။ ၄။တပိုင်းလျှပ်ကူးတွင်အပြင်ဘက်ဆုံးအီ လက်ထရွန် မည်မျှပါဝင်သနည်း။ ၅။လျှပ်စစ်စီးဆင်းမှုအကောင်းဆုံး ဒြပ်စင်သုံးမျိုးကိုဖော်ပြပါ။ ၆။အသုံးအများဆုံး တပိုင်းလျှပ်ကူးဒြပ်စင် ကိုဖော်ပြပါ။
Subscribe to:
Comments (Atom)

ပုံ ၁.၄ ကာဗွန်အက်တမ်၏ပုံ